အသက်ကြီးနေပြီဘုရားတရားလုပ်တော့လို့စနောက်သူကို ဖတ်မိသူတိုင်းအံ့သြသွားအောင် ခွန်းတုန့်ပြန်လိုက်တဲ့ မအေးသောင်း

အသက်လေးဆယ်မှဘဝစတာဆို မအေးသောင်းက အသက်သုံးဆယ်ကျော်အမျိုးသမီးမို့ ဘဝမစသေးတဲ့ ကလေးတစ်ယောက်ပဲလို့ ဆိုရတော့မလိုပါပဲပရိသတ်ကြီးရေ။ အသက်အရွယ်နဲ့လိုက်ဖက်အောင် တည်တည်ငြိမ်ငြိမ်နဲ့ ကျက်သရေရှိလွန်းတဲ့ မြန်မာဝတ်စုံလေးတွေကို တမြတ်တနိုးဝတ်တတ်သလို တစ်ခါတလေမှာလည်း လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးပုံလေးတွေလည်း ဝတ်တတ်ပါသေးတယ်။

 

သူမရဲ့စွဲမက်ဖွယ်ပုံရိပ်တွေကို ” မင်းကို စိတ်ကုန်တာတစ်ခုက တခြားမိန်းကလေးတွေ အောက်မှာ ကောမန့်သွားပေး အသဲသွားပေး နေတာကိုပဲ။ ကိုယ်ကလည်းမမြင်ချင်ယောင် ဆောင်မနေတတ်တော့ခက်နေပြီ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ အပျိုကြီးက စိတ်ကောက် တာတောင် ချစ်စရာကောင်းလွန်းနေတော့ မအေးသောင်းရဲ့ချစ်သူဆိုရင်တော့ ဘယ်လောက်တောင် အချစ်ပိုလိုက်မလဲဆိုတာ ပြောစရာတောင်မလိုပါဘူး။

 

သူမရဲ့လွတ်လပ်ပေါ့ပါးတဲ့ပုံရိပ်လေးတွေကို ဝေမျှပြီးနောက် ” အသက်တွေလည်းကြီးပီ ဘုရားတရားလေးလုပ် (စတာနော် ချစ်တယ်) ” ဆိုပြီး စနောက်ကာမှတ်ချက်ပေးတဲ့ ပရိသတ် တစ်ယောက်ကို ” ဘုရားတရားလည်းလုပ်တယ် မဟားဒရားလည်းလုပ်တယ် ချစ်ညီမလေး ” ဆိုပြီး ပြန်လည်စနောက်ခဲ့ပါတယ်။ ဒီမှတ်ချက်လေးကိုမြင်ရတဲ့ပရိသတ်တွေလည်း အတော်လေးသဘောကျပြီး ရယ်မောခဲ့ကြပါတယ်။

Happy – Cele Zone
Photo – Aye Thaung