ယွန်းယွန်းရဲ့အမာခံပရိသတ်တွေကိုယ်တိုင် မေတ္တာတွေနဲ့သီကုံးဖွဲ့ဆိုထားတဲ့ မွေးနေ့သီချင်းဗီဒီယိုဖိုင်လေး

ပါးချိုင့်လေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ ပုဂံသူ မင်းသမီးချောလေး ယွန်းယွန်းကတော့ မသိသူမရှိလောက်အောင်ပါပဲနော် ။ကလေးဘဝအရွယ်ကတည်းက အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့တဲ့ ယွန်းယွန်းက အခုဆိုရင် ပရိသတ်တွေအခိုင်အမာရရှိနေတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် ကြီးပြင်းလာခဲ့တဲ့ ယွန်းက တစ်နေ့တစ်ခြား ပိုပြီးလှသွေးကြွယ်လာတာ ဖြစ်ပါတယ်။

ယွန်းယွန်းကတော့ တစ်နေ့တစ်ခြားလည်းပိုပိုလှလာပြီး နုပျိုလန်းဆန်းနေတဲ့အလှတရားတွေက မိန်းကလေးအချင်းချင်းတောင်ငေးမောနေရတာလည်းဖြစ်ပါတယ်။သူမရဲ့မဟာဆန်တဲ့ဆံနွယ်ရှည်ကြီးကလည်း အရမ်းကျက်သရေရှိပြီး ပရိသတ်တွေသဘောကျကြိုက်နှစ်သက်နေရတဲ့ အချက်တစ်ချက်ဆိုလည်းမမှားပါဘူးနော်။

ပရိသတ်တွေကလည်းယွန်းလေးကိုအရမ်းချစ်ကြလို့ သူရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်အားပေးနေကြတာပါ။ခုလည်းယွန်းအတွက်မွေးနေ့သီချင်းလေးတစ်ပုဒ်ကိုပရိသတ်တွေကိုယ်တိုင်ရေးသားသီဆိုပေးခဲ့တဲ့ ဗီဒီယိုလေးကိုဝေမျှထားတာတွေ့ရပါတယ်။ဗီဒီယိုလေးနဲ့အတူ “ရင်ဘတ်ရဲ့အနက်ရှိုင်းဆုံး နေရာကနေလာတဲ့ ချစ်ခြင်းတွေ သဲငယ်မြင်ပါစေ…Fan ဆိုတာ ထက် ပိုလေးနက်တဲ့ Yoon’s Blessingsတွေပါသဲငယ်လေးရေ…မွေးနေ့တိုင်းမှာ ပိုချစ်သွားမယ် ဆိုတာနဲ့ တစ်သက်လုံး‌ချစ်နေမယ်ဆိုတာ က ဘယ်တော့မှ ပျောက်ပျက်မသွားမယ့် ထာဝရကတိသစ္စာပါ သဲငယ်….နောင်ဘဝတွေဆိုတာကိုမသိနိုင်ပေမဲ့ မြင်နိုင်သိနိုင်တဲ့ ဒီဘဝမှာတော့ သဲငယ်ကို သက်ဆုံးတိုင်ချစ်ပေးသွားမယ်ဆိုတာကတော့ အသေချာဆုံးအရာပါ သဲငယ်လေးရေ…မွေးနေ့မှာ ပျော်ရွှင်ပါစေနော်..BD Song လေးကို လည်း သဲငယ် ကြိုက်ပါစေလို့ ဆုတောင်းနေပါတယ်..တစ်နှစ်ထက် တစ်နှစ် ပိုချစ်မယ် ပိုချွဲမယ် ” ဆိုတဲ့ချစ်စရာအရမ်းကောင်းတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Yoon Yoon