ဇိမ်ခံသင်္ဘောကြီးပေါ်မှာ နှစ်ယောက်အတူ (၆) ရက်တာခရီးစဉ်ကို ပျော်ပျော်ကြီးကုန်ဆုံးကြမယ့် စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူ

အတူတူချစ်လာခဲ့တဲ့ (၇) နှစ်ကျော်အတွင်းမှာ နားလည်မှုတွေက ပြောစမရာလိုလောက်အောင် ပြည့်စုံနေကြပြီဖြစ်တဲ့ စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ဟာ နှစ်ယောက်သားရဲ့ သွားလာလှုပ်ရှားမှု တွေကို Blog လေး လုပ်ပြီးပရိသတ်တွေကို ပြန်လည်တင်ဆက်တတ်ကြပါ တယ်။ ဒီတစ်ခေါက်မှာလည်း နှစ်ယောက်သား ဇိမ်ခံသင်္ဘောကြီးနဲ့ (၆) ရက်တာခရီးထွက်မယ့် အပျော်ပုံရိပ်လေးတွေကို ဝေမျှခဲ့ပါတယ်။

 

နှစ်ယောက်သားရဲ့အပြောအဆိုတွေကအစ တကယ့်ကိုရင်းနှီးပွင့်လင်းပြီး ချစ်ခင်တယ်ဆိုတာ ဗီဒီယိုလေးတွေက သက်သေပါပဲ။ တစ်ချို့ပရိသတ်တွေက စိန်ဖြိုးရဲ့ပွင့်လင်းတဲ့ အပြောအဆိုတွေကို ထောက်ပြပေမယ့် စိန်ဖြိုးကတော့ ရီရီ့ကိုသိပ်ချစ်တဲ့အကြောင်းနဲ့ ဒီလိုပွင့်ပွင့်လင်းလင်းပြောဆိုတာဟာ နှစ်ယောက်ကြားမှာ အကျင့်ပါနေပြီဖြစ်လို့ နားလည်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။

 

 

အတူတူပျော်နေကြတဲ့ပုံရိပ်တွေကိုတော့ ” တကယ့်ကို Super Luxury ပါပဲ ဒီသင်္ဘောကြီးနဲ့ (၆) ရက် ခရီးသွားမယ် ” ဆိုပြီး တင်ထားကြတာပဲဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ခရီးတွေကို နှစ်တွေအကြာကြီး အတူတူထပ်ပြီးသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

Happy – Cele Zone
Photo – Sein Phyo & Yi