ချစ်သက်တမ်းတစ်နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ မေသက်ခိုင်တို့ချစ်သူနှစ်ဦး
Posted on
အနုပညာလုပ်ငန်းတွေမှာသိပ်မတွေ့ရတော့တဲ့ မော်ဒယ်သရုပ်ဆောင်မေသက်ခိုင်ကတော့ လက်ရှိမှာချစ်သူနဲ့ ချစ်သက်တမ်း တစ်နှစ်ပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ အချစ်ရေးလေးမှာ သူကမအရမ်းကိုကြည်နူးနေရပြီး သူမကို အသေးစိတ်ကအစ ဂရုစိုက်တတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။
အနုပညာလုပ်ငန်းတွေမှာ သိပ်မတွေ့ရတော့ပဲ သူမရဲ့ကိုယ်ပိုင်ဘဝလေးမှာပဲ အေးအေးချမ်းချမ်း ခရီးတွေသွားပြီး ပျော်ပျော်နေ နေတာပဲဖြစ်ပါတယ်။ ” ကလေးလေး ” လို့ခေါ်ပြီး သူမကိုသိပ်ချစ်တဲ့ ချစ်သူကြောင့် နေ့ရက်တိုင်းဟာပျော်ရွှင်မှုတွေအပြည့်နဲ့ ဖြတ်သန်းနေရတာပဲဖြစ်ပါတယ်။ ကလေးလေးလိုဖြူစင်ပြီးချစ်ဖို့ကောင်းတဲ့သူမို့ ချစ်သူကလည်းသိပ်ချစ်တာဖြစ်မှာပေါ့နော်။
သူမတို့နှစ်ယောက်ရဲ့နှစ်ပတ်လည်နေ့လေးကို ” နှစ်တစ်နှစ်တော့ဖြတ်သန်းကုန်လွန်ခဲ့ပြီ ဘဝမှာအများကြီးလည်းမမျှော်လင့်ပါ ဘူး အနားမှာရှိပေးနိုင်သည်ဖြစ်စေ မရှိတဲ့အချိန်ဖြစ်စေ ချစ်ခြင်းမေတ္တာနဲ့သစ္စာတရားကို အခုအခြေအနေအတိုင်းမပြောင်းလဲပဲ နှစ်ပေါင်းများစွာတည်ရှိပါစေလို့ Happy 1 year Anniversary Ko Ko ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပျော်ရွှင်ပါစေနော်။
Photo – May Thet Khine
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
” ချစ်သက်တမ်းတစ်နှစ်ပြည့်သားခဲ့ပြီဖြစ်တဲ့ မေသက်ခိုင်တို့ချစ်သူနှစ်ဦး ”
Photo – May Thet Khine
Happy – Cele Zone