ချစ်သူအသစ်ရသွားပြီလားလို့ထင်ရေလောက်အောင်ထိ ရိုဆန်လွန်းတဲ့ နန်းဆုရတီစိုးရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေ

MV တင်ပြီးတစ်ရက်အတွင်းမှာပဲ ကြည့်ရှုသူ (1 Million) ထိ မြင့်တက်သွားခဲ့တဲ့ နန်းဆုရဲ့ ” မင်းအနားမှာ ” သီချင်းဗီဒီယိုဟာ ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားပြီး အောင်မြင်ခဲ့ပါတယ်။ ရိုက်ကူးနေစဉ်မှာလဲ သဏ္ဍာန်လုပ်သရုပ်တူရတာမို့ မင်းသားက တွန်းချတဲ့အခန်းမှာ ဖိနပ်ပျက်ပြီး အရမ်းနာသွားခဲ့ပေမယ့် အိုက်တင်ကိုတော့ တစ်ချက်မလျော့ဘဲ အကောင်းဆုံးကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

 

 

 

ဒီနေ့မှာလည်း မင်းအနားမှာ MV ထဲက သရုပ်ဆောင်မင်းသားနဲ့အတူ ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တစ်ချို့ဟာ တကယ့်ချစ်သူတွေအတိုင်းအသက်ဝင်လွန်းနေခဲ့ပါတယ်။ ပရိသတ်တွေက အရင်ရည်းစားဟောင်းနဲ့ပတ်သက်ပြီး စနောက်တဲ့ မှတ်ချက်တွေအများအပြား ပေးခဲ့ပေမယ့် နန်းဆုကတော့ အားလုံးကိုရယ်ရယ်မောမောနဲ့ပဲ ပြန်လည်စနောက်ခဲ့ပါတယ်။

 

 

 

လက်ရှိအချိန်ထိအောင်မြင်နေတာလည်း ဒီလိုစိတ်လေးထားတတ်တာကြောင့်နဲ့ အလုပ်အပေါ်မှာ တာဝန်အကျေဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင်လုပ်တဲ့အချက်တွေကြောင့်ပါပဲပရိသတ်ကြီးရေ။ နောက်ထပ်သီချင်းအသစ်တွေလည်း ထပ်တွက်ဦးမှာမို့ နန်းဆုရဲ့ ပရိသတ်တွေကတော့ သူမကိုစောင့်မျှော်အားပေးဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။

 

 

 

Happy – Cele Zone
Photo – Nansu Yati Soe