ဒီနေ့ နိုဝင်ဘာ (၇) ရက်နေ့မှာပဲ အသက် (၆) နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ တင်ဇာမော်ရဲ့သမီးလေး လော်လော်
Posted on
မေမေတင်ဇာမော်ရဲ့သမီးလေးလော်လော်တစ်ယောက် ဒီနေ့မှာတော့ အသက် (၆) နှစ် ပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ အမေတူသမီးလေးဖြစ်လို့ မေမေ့အတိုင်းပဲ အရမ်းကိုချစ်ဖို့ ကောင်းလွန်းနေပါတယ်။ ပျော်စရာမိသားစုလေးမှာ ချစ်စရာ သမီးလေးကိုပိုင်ဆိုင်ထားပြီး တင်ဇာမော်တစ်ယောက် ပြုံးပျော်လို့နေပါတယ်။ အရမ်းကိုလည်လွန်းတဲ့သမီးလေးဟာလည်း ဖေဖေမေမေတို့ရဲ့အသည်းကျော်လေးပေါ့။
ချစ်စရာသမီးလေးဟာ ဖေဖေနဲ့အတူလန်ဒန်မြို့မှာနေထိုင်နေပြီး မကြာခဏဆိုသလိုလည်း မေမေ့ဆီ ရောက်လာတတ်ပါသေး တယ်။ လက်ရှိမှာတော့ တင်ဇာမော်တစ်ယောက် ” Myanmar Idol ” အစီအစဉ်မှာ အကဲဖြတ်ဒိုင်တစ်ယောက်အဖြစ်နဲ့ပါဝင်နေ တာပဲဖြစ်ပါတယ်။ သံစဉ်အသစ်တွေလည်း ထွက်ရှိထားပြီး ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့တာပါတယ်။ သမီးလေးရဲ့ မွေးနေ့ရက်မြတ် လေးမှာ အတူတူမရှိနိုင်ပေမယ့် နှစ်ယောက်သား Video Call လေးနဲ့ အပြန်အလှန်ပြောနေခဲ့ကြတာ ပဲဖြစ်ပါတယ်။
မေမေတင်ဇာမော်ကတော့ ” နိုဝင်ဘာ၇ရက်နေ့မှာ ၆နှစ် ပြည့်သွားတဲ့ မေ့သမီးလော်… ဘဝ မှာ လမ်းမှန်ကို အမြဲမြင်ပြီး အေးချမ်းစွာ လျှောက်လှမ်းနိုင်ပါစေ။ မွေးနေ့ ဆုမွန်တွေ တောင်းပေးကြတဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ဘိုးဘိုး ဖွားဖွား များ အားလုံးကို လည်း ကျေးဇူး အထူးတင်ပါတယ်လို့ ချစ်သမီးလော့်ကိုယ်စား မေမော် ” ဆိုပြီး သမီးလေးကို ဆုတောင်းပေးခဲ့ပါ တယ်။ Happy Birthday ပါ လော်လေးရေ။
Photo – Tin Zar Maw
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Photo – Tin Zar Maw
Happy – Cele Zone