ပါပါးရုပ်ရှင် အောင်မြင်ပါစေ အရင်ကလိုဆဲကြတဲ့လူတွေမရှိပါစေနဲ့ ဆိုတဲ့ သားကြီးရဲ့ဆုတောင်းစကားကြောင့် ရင်နင့်အောင်ခံစားခဲ့ရတယ်ဆိုတဲ့ ဒါရိုက်တာကိုပေါက်

Posted on

အနုပညာလောကထဲမှာ အရံသရုပ်ဆောင်အဖြစ်နဲ့ပရိသတ်တွေကိုဖျော်ဖြေအပြီးမှာတော့ လက်ရှိမှာဒါရိုက်တာတစ်ယောက် အဖြစ် ဖြတ်သန်းနေတဲ့ ကိုပေါက်ဟာဆိုရင် ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးမှာ သားလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပြီး မိသားစုလေးကိုလည်း အရမ်းတန်ဖိုးထားကာ သားလေးတွေအတွက်အကောင်းမွန်ဆုံးသော စံပြဖခင်တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

မိသားစုလေးအကြောင်းကိုမကြာခဏဆိုသလိုရေးတတ်တဲ့ ကိုပေါက်တစ်ယောက် မနေ့ကတော့ သားအကြီးဖြစ်သူက ဒီနေ့မှာ ရုံတင်ပြသတော့မယ့်သူကရဲ့ဇာတ်ကားအတွက် ဆုတောင်းပေးတဲ့ စကားလေးတစ်ခွန်းကြောင့် ရင်ထဲနင့်သွားရတဲ့ အကြောင်း လေးကို လူမှုကွန်ယက်မှာ ရေးသားဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ ဒီစာလေးကိုဖတ်မိသူတိုင်းလည်း ကာယကံရှင်နဲ့ထပ်တူ ခံစားခဲ့ရပါတယ်။

” သားကအဖေအပေါ်ထားတဲ့ ကရုဏာ သားကြီးကိုကြီးသော်မအိပ်ခင်မှာ သူ့အမေက မီးပူတိုက်နေပါတယ်။ သားငယ်လေးက အစောကြီးကတည်းက အိပ်သွားပါပြီ။ စမက်ဒေါင်းတွေဆော့ပြီး မောပန်းပြီးအိပ် သွားပုံရတယ်။ကျွန်တော်က ကိုကြီးသော် ကိုအိပ်ဖို့ခေါ်ပါ တယ်။ ခြင်ထောင်ထဲဝင်ပြီးချိန် သူ့ခေါင်းအုံးရှိပေမယ့် ကျွန်တော့လက်မောင်းပေါ်လာအိပ်တယ်။ ကျွန်တော့ လက်မောင်းက အေးပြီးပျော့ပျော့အိအိလေးဆိုတော့ သူအိပ်လို့ကောင်းတယ်တဲ့။ အဲ့ဒီအချိန် သူ့အမေက ” သားသား မနက်ဖြန် ကျရင် ပါးပါးရဲ့ရုပ်ရှင် ရုံတင်တော့မှာ၊ပါးပါးက ရင်တွေပူနေတာတဲ့၊ အများကြီးအောင်မြင်ပါစေလို့ ဆုတောင်း ပေးလိုက်ဦးလေ ” လို့ပြောတော့ ကိုကြီးသော်က ” ပါပါးရုပ်ရှင် အောင်မြင်ပါစေ။ အရင်ကလိုဆဲကြတဲ့လူတွေမရှိပါစေနဲ့တဲ့ ”
သားသားရဲ့ဆုတောင်းစကားက ကျွန်တော့ရင်ကို ထိရှမိပါတယ်။ ကျွန်တော့ရင်ထဲမှာ စို့ကနဲ့ဖြစ်သွားပြီး သားကိုဖက်ထား လိုက်မိတယ်။ သူ့အဖေကို ဝိုင်းဆဲနေကြတာမျိုး သူမခံစားနိုင်ဘူး ထင်ပါတယ်။ သူ့ရင်ထဲ အဲ့ဒီအချိန်က အဲ့ဒီအသိ ရှိနေလိမ့်မယ် လို့ မထင်ခဲ့ဘူး။ ကလေးတစ်ယောက် အနေနဲ့ ပုံမှန်ဆော့ကစားနေခဲ့တာမျိုးပဲထင်ခဲ့တာ။ သားကိုဖက်ထားနေတုန်းမှာပဲ သားမသိအောင် ရင်ထဲကနေ ပြောလိုက်မိတာက “သားရယ် ဖေဖေတို့ဘဝတွေကိုကဝဠ်ကြွေးကြီးတာပါ”လို့။ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Photo – Aung Min Naing
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ပါပါး႐ုပ္ရွင္ ေအာင္ျမင္ပါေစ အရင္ကလိုဆဲၾကတဲ့လူေတြမရွိပါေစနဲ႔ ဆိုတဲ့ သားႀကီးရဲ႕ဆုေတာင္းစကားေၾကာင့္ ရင္နင့္ေအာင္ခံစားခဲ့ရတယ္ဆိုတဲ့ ဒါ႐ိုက္တာကိုေပါက္ ”

အႏုပညာေလာကထဲမွာ အရံသ႐ုပ္ေဆာင္အျဖစ္နဲ႔ပရိသတ္ေတြကိုေဖ်ာ္ေျဖအၿပီးမွာေတာ့ လက္ရွိမွာဒါ႐ိုက္တာ တစ္ေယာက္အျဖစ္ ျဖတ္သန္းေနတဲ့ ကိုေပါက္ဟာဆိုရင္ ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးမွာ သားေလးႏွစ္ေယာက္ကိုပိုင္ဆိုင္ထားၿပီး မိသားစုေလးကိုလည္း အရမ္းတန္ဖိုးထားကာ သားေလးေတြအတြ က္အေကာင္းမြန္ဆုံးေသာ စံျပဖခင္တစ္ေယာက္လည္း ျဖစ္ခဲ့ပါတယ္။

မိသားစုေလးအေၾကာင္းကိုမၾကာခဏဆိုသလိုေရးတတ္တဲ့ ကိုေပါက္တစ္ေယာက္ မေန႔ကေတာ့ သားအႀကီးျ ဖစ္သူက ဒီေန႔မွာ႐ုံတင္ျပသေတာ့မယ့္သူကရဲ႕ဇာတ္ကားအတြက္ ဆုေတာင္းေပးတဲ့ စကားေလးတစ္ခြန္းေၾကာင့္ ရင္ထဲနင့္သြားရတဲ့အေၾကာင္းေလးကို လူမႈကြန္ယက္မွာ ေရးသားေဖာ္ျပလိုက္တာပဲျဖစ္ပါတယ္။ ဒီစာေလးကို ဖတ္မိသူတိုင္းလည္း ကာယကံရွင္နဲ႔ထပ္တူ ခံစားခဲ့ရပါတယ္။

” သားကအေဖအေပၚထားတဲ့ က႐ုဏာ သားႀကီးကိုႀကီးေသာ္မအိပ္ခင္မွာ သူ႔အေမက မီးပူတိုက္ေနပါတယ္။ သားငယ္ေလးက အေစာႀကီးကတည္းက အိပ္သြားပါၿပီ။ စမက္ေဒါင္းေတြေဆာ့ၿပီး ေမာပန္းၿပီးအိပ္ သြားပုံရတယ္။ကြၽန္ေတာ္က ကိုႀကီးေသာ္ကိုအိပ္ဖို႔ေခၚပါ တယ္။ ျခင္ေထာင္ထဲဝင္ၿပီးခ်ိန္ သူ႔ေခါင္းအုံးရွိေပမယ့္ ကြၽန္ေတာ့လက္ေမာင္းေပၚလာအိပ္တယ္။ ကြၽန္ေတာ့လက္ေမာင္းက ေအးၿပီးေပ်ာ့ေပ်ာ့အိအိေလး ဆိုေတာ့ သူအိပ္လို႔ေကာင္းတယ္တဲ့။ အဲ့ဒီအခ်ိန္ သူ႔အေမက ” သားသား မနက္ျဖန္က်ရင္ ပါးပါးရဲ႕႐ုပ္ရွင္႐ုံတင္ေတာ့ မွာ၊ပါးပါးက ရင္ေတြပူေနတာတဲ့၊ အမ်ားႀကီးေအာင္ျမင္ပါေစလို႔ ဆုေတာင္း ေပးလိုက္ဥိီးေလ ” လို႔ေျပာေတာ့ ကိုႀကီိးေသာ္က ” ပါပါး႐ုပ္ရွင္ ေအာင္ျမင္ပါေစ။ အရင္ကလိုဆဲၾကတဲ့လူေတြမရွိပါေစနဲ႔တဲ့ ”
သားသားရဲ႕ဆုေတာင္းစကားက ကြၽန္ေတာ့ရင္ကို ထိရွမိပါတယ္။ ကြၽန္ေတာ့ရင္ထဲမွာ စို႔ကနဲ႔ျဖစ္သြားၿပီး သားကို ဖက္ထားလိုက္မိတယ္။ သူ႔အေဖကို ဝိုင္းဆဲေနၾကတာမ်ိဳး သူမခံစားႏိုင္ဘူး ထင္ပါတယ္။ သူ႔ရင္ထဲ အဲ့ဒီအခ်ိန္က အဲ့ဒီအသိ ရွိေနလိမ့္မယ္လို႔ မထင္ခဲ့ဘူး။ ကေလးတစ္ေယာက္ အေနနဲ႔ ပုံမွန္ေဆာ့ကစားေနခဲ့တာမ်ိဳးပဲထင္ခဲ့တာ။ သားကို ဖက္ထားေနတုန္းမွာပဲ သားမသိေအာင္ ရင္ထဲကေန ေျပာလိုက္မိတာက “သားရယ္ ေဖေဖတို႔ဘဝေတြကိုကဝဠ္ေႂကြး ႀကီးတာပါ”လို႔။ ” ဆုိျပီး တင္ထားတာပဲျဖစ္ပါတယ္။

Photo – Aung Min Naing
Happy – Cele Zone