မနက်ပိုင်းအလုပ်သွားတိုင်း ကြုံရတဲ့ဒုက္ခကို ဟာသလေးနှောကာ ပရိသတ်တေ‌ွကို ပြောပြလိုက်တဲ့ ခြူးလေး
Posted on
ချစ်ဖို့ကောင်းတဲ့ ပါးမို့မို့လေးနှစ်ဖက်ရဲ့ ပိုင်ရှင်ခြူးလေးဟာ ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိထားခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာဆိုရင်သူမဟာ အနုပညာလမ်းကြောင်းပေါ်မှာခြေလှမ်းခပ်သွက်သွက်လေးတွေလှမ်းကာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုတောင်ရိုက်ကူးလို့‌ေနပါပြီ။
သူမ ဆော့ထားတဲ့ Tik Tok ဗီဒီယိုလေးတွေဟာလည်း ပရိသတ်တွေကြားမှာအရမ်းပဲရေပန်းစားပြီးတော့ ကြည့်ရှုသူတွေလည်းအတော်လို့များပြားလို့နေတာကိုတွေ့ရပါတယ်။ ပရိသတ်တွေ‌တစ်နေ့တာဘ၀အမောတွေပြေစေဖို့ ခြူးလေဟာ အခွီတစ်လိုင်းTik Tokလေးတွေကို အများဆုံးဆော့ကာ ပြန်လည်မျှဝေပေးလေ့ရှိပါတယ်။ ဒီလို ပရိသတ်တွေကို အမြဲ စိတ်ချမ်းသာစေချင်တဲ့ သူမဟာ အခုလည်း အလုပ်သွားတဲ့ မနက်တိုင်းသူမကိုယ်တိုင် ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ပရိသတ်တွေစိတ်မပူရအောင် ဟာ‌သလေးတွေနှောကာပြောပြထားခဲ့ပြန်ပါတယ်။
” မနက်မိုးလင်း လာရင် အလုပ်သွားဖို့ လိုက်ပို့ခိုင်းဖို့  အိမ်မှာစစ်တခါ တိုက်ရတယ် …… လမ်းပေါ်ရောက်သွားရင် …..အဲ့ဒါ ရှေ့တန်းဘဲ ……. ဒီကြားထဲ မိုးက ထပ်ရွာ ….. ရန်ကုန် က ဘယ်နှနာရီ ကားစပိတ်တာလဲ ဟင် ???? အိပ်ယာ ယူပြီး ညကတည်းက အလုပ်မှာ သွားနေမလို့ ….. လမ်းပိတ်လည်း အချိန်မှီ အလုပ်ကို အရောက်ပို့ပေးနိုင်မှ ….ကိုယ့်ဘဝ ထဲ ဝင်ခဲ့ပါ …. ” ဆိုပြီးတော့ အရွှန်းဖောက်ကာ သူမရဲ့ လူမှုစာမျက်နှာပေါ်မှာရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ကဲ… ပရိသတ်တို့ကော မနက်မိုးလင်းလို့အလုပ်သွားရင် ခြူးလေးလိုမျိုး အခက်အခဲတွေတွေ့ခဲ့ဖူးကြလား ဆိုတာ ပြောခဲ့ကြပါအုန်း…
Source : Chue Chue
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။)
မနက်ပိုင်းအလုပ်သွားတိုင်း ကြုံရတဲ့ဒုက္ခကို ဟာသလေးနှောကာ ပရိသတ်တွေကို ပြောပြလိုက်တဲ့ ခြူးလေး