ပုဂံမြေရဲ့အလှအပတွေကြားမှာ ချစ်ရသူကောင်လေးနဲ့ ရိုမန့်တစ်ဆန်ချင်တဲ့အကြောင်းကို ပြောပြလာတဲ့ အေးမြတ်သူ

Posted on

အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်လက်အဖြစ် ရပ်တည်နေတဲ့ အေးမြတ်သူက လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်လေးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ပရိသတ်တွေက သူမရဲ့ ချစ်စရာအပြုံးလေးကြောင့် ကြွေနေရသူလေးပါ။ ရုပ်ရှင်လောကမှာ သရုပ်ဆောင်ကောင်းတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုကြီးကိုလည်း ထိုက်တန်စွာရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်နော်။

 

လက်ရှိအချိန်ထိ အပျိုကြီးမမ အဖြစ် ပရိသတ်တွေကို တဝကြီး အချစ်တွေပေးနေတဲ့ မင်းသမီးချောလေး အေးမြတ်သူက အနုပညာလမ်းကြောင်းမှာ အေးဆေးစွာလျှောက်လှမ်းရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ရင့်ကျက်တဲ့ အပျိုကြီးမမ အေးမြတ်သူဟာ အချစ်ရေးမှာ တည်ငြိမ်သူတစ်ယောက်ဖြစ်ပေမယ့် လည်း တခါတခါ စိတ်ကူးယဉ်ဆန်တဲ့ အချစ်အကြောင်းလေးတွေကို ပြောတတ်သူတစ်ယောက်လည်းဖြစ်ပါသေးတယ်။

 

 

အခုလည်း ပုဂံကို ရောက်နေတဲ့ အပျိုကြီးမမ အေးမြတ်သူက “ပုဂံ …​ ဘုရား​တွေ ဖူးတိုင်း …….ချစ်ရသူနဲ့အတူဖူးချင်တယ် …. အလှူ​တွေပြု …ကုသိုလ်​တွေယူပြီး …. ​အေးအေးချမ်းချမ်းကျန်း ကျန်းမာမာ ​နေထိုင်ချင်တယ်… …မြန်မာမှု့​တွေ နှစ်သက်တဲ့ သူ နဲ့ ကျမ ဘာသာတရားကိုင်းရှိုင်းတဲ့ သူ နဲ့ ကျမ အလှူအတန်းနဲ့ကုသိုလ်​ရေးမှာလက်မ​နှေးတက်တဲ့ သူနဲ့ကျမ အတွက် ပုဂံ​မြေမှာ လှပတဲ့အတိတ်​တွေရှိ​နေချင်မိတယ်…”ဆိုပြီး အရမ်းကို Roဆန်လွန်းတဲ့ ချစ်ရသူလေးနဲ့ ပုဂံမြေမှာ ဘယ်လိုအချိန်ကုန်ဆုံးချင်လည်းဆိုတာကို ပြောပြခဲ့တယ်။ ကဲ… ပုဂံဘုရားတွေရောက်ရင် အေးမြတ်သူတစ်ယောက် ဘယ်လိုတွေ Roချင်သလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်….

 

 

Source : Aye Myat Thu
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

 


 


