ဇ၀နဖောင်ဒေးရှင်းအတွက် အလှူငွေသိန်း(၂၀)ကို တစ်ထိုင်တည်းရရှိခဲ့လို့ ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ ခင်လှိုင်
Posted on
နိုင်ငံကျော်ဟာသနဲ့ သဘင်ပညာရှင် သရုပ်ဆောင်ခင်လှိုင် ကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ပြီးတည်ထောင်ထားတဲ့ဇ၀နဖောင်ဒေးရှင်းကို ပရိသတ်တွေသိပြီးသားဖြစ်မှာပါ ။ဒီဖောင်ဒေးရှင်းလေးဟာဆိုရင် အသက်အရွယ်ကြီးရင့်သွားပြီး အကူအညီလိုအပ်နေတဲ့ ဟာသပညာရှင်ကြီးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် အထောက်အပံ့ပေးနေတဲ့ဖောင်ဒေးရှင်းလေးတစ်ခုပါ။
ဇ၀နဖောင်ဒေးရှင်းလေးကနေပြီးတော့လည်း စောင့်ရှောက်မှုပေးထားခဲ့တဲ့ သက်ကြီးဟာသပညာရှင်ကြီးတွေဟာလည်း များစွာရှိနေခဲ့ပြီပဲဖြစ်ပါတယ်။ တစ်လတစ်လရရှိတဲ့ ရန်ပုံငွေတွေနဲ့ချင့်ချိန်ကာ အကူအညီလိုအပ်တဲ့ ဟာသပညာရှင်ကြီးတွေကို မဲနှိုက်ရွေးချယ်ပြီး ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။ အခုလည်း ဒီဖောင်‌ေဒးရှင်းလေးရဲ့ ဦးစီးဦးဆောင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ဟာ လိုအပ်နေတဲ့ ရန်ပုံငွေတွေကို တစ်ထိုင်တည်းနဲ့ အလှူခံရရှိခဲ့တဲ့ အတွက် အတိုင်းမသိ၀မ်းမြောက်နေခဲ့ရပါတယ်။
” ဒီနေ့ကတော့ကျွန်တော်အလွန်ဝမ်းသာပီတိဖြစ်ရပါတယ်ကျွန်တော်တို့ရဲ့ဇဝန ဖေါင်ဒေးရှင်း သက်ကြီးဟာသပညာရှင်ကြီးများကျန်းမာရေးစောင့်ရှောက်ရန်အတွက် မွေးနေ့ရှင် EXCELLENT FORTUNE DEVELOPMENT GROUP နှင့် EXCELLENT FORTUNE FOUNDATION တို့၏ တည်ထောင်သူနှင့်ဥက္ကဋ္ဌဖြစ်သူဦးစိုင်းမျိုးဝင်း မှမွေးနေ့ရက်မြတ်အလှူတော်အဖြစ် ကျွန်တော်တို့ရဲ့ ဇဝန ဖေါင်ဒေးရှင်း ငွေပဒေသာပင်အဖြစ် ကျပ်ငွေ ၂၀,၀၀၀၀၀ (သိန်း ၂၀ ) ကျပ်တိတိကိုလှူဒါန်းခဲ့ပါတယ် ကျွန်တော်နှင့်အတူ အခြားပရဟိတ အဖွဲ့များစွာကိုလဲ လှူဒါန်းနေတာကိုမြင်တွေ့ခဲ့ရတဲ့အတွက်များစွာပီတိဖြစ်ရပါတယ်။ အလှူရှင်မိသားစုတို့သည် မရှိစကားနားဝယ်မကြားကြရသောမိသားစုကြီးဖြစ်ပါစေကိုယ့်ဆင်းရဲနွမ်းပါးကြသောသူများကိုပေးဝေလှူဒါန်းနိုင်ကြသောပရဟိတသာသနာပြုမိသားစုကြီးဖြစ်ပါစေခင်ဗျာ ” ဆိုပြီးတော့ ၀မ်းသာပီတိဖြစ်လွန်းလို့ အလှူရှင်တွေကိုလည်း ဆုတွေများစွာပေးခဲ့ပါတယ်။ ကဲ… ဒါမျိုးတွေ‌ မြင်ရ ကြားရတာ စိမ်းချမ်းသာစရာမကောင်းပေဘူးလား ချစ်ပရိသတ်တို့ရေ…
Source : Khin Hlaing
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။)