သမီးလေးရဲ့အာဏာကိုသုံးပြီး သူမဖြစ်ချင်တာလေးတွေကို ချစ်ခင်ပွန်းဆီစာရေးပြီးပို့ခဲ့တဲ့ မေမေ  စန္ဒီမြင့်လွင်

Posted on

မေမေ ဒီဒီးဟာ ချစ်ဖို့ကောင်းတဲ့ သမီးလေး Treasureလွင်ကိုမွေးပြီးနောက်ပိုင်းမှာဆိုရင်တစ်သားမွေးတစ်သွေးလှဆိုသလို အရင်ကထက်ပိုပြီး လှလာခဲ့ပါတယ်။ သူမဟာ သမီးလေးရှိနေပြီဖြစ်တဲ့အတွက် အရင်လို အနုပညာအလုပ်တွေကို စိတ်ရှိတိုင်းမလုပ်ဖြစ်တော့ဘဲ Treasureလေးကို သာအချိန်ပေးဖြစ်နေခဲ့ပါတယ်။

သူမရဲ့ ချစ်ခင်ပွန်းကလည်း ချစ်စရာကောင်းတဲ့ သမီးလေးကို မွေးပေးထားတဲ့ ဇနီးချောချောလေးကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ကာ အချစ်တွေပိုလို့နေခဲ့ရပါတယ်ဒါပေမယ့် ဇနီးနဲ့ သမီးလေးရဲ့ အနာဂတ်ရှေ့ရေးအတွက် အခုကတည်းက ကြိုးစားနေခဲ့တာကြောင့် အနားမှာတော့ အချိန်‌ပြည့်ရှိမနေနိုင်ခဲ့ပါဘူး ။ ဒါကြောင့် သူမရဲ့ ချစ်ခင်ပွန်းလေးကို သမီးလေးရဲ့ အာဏာသုံးကာ သူမဖြစ်ချင်တာလေးကို စာရေးပြီး ပြောပြခဲ့ပါတယ်။

” သို့ ဖေဖေ…. အလုပ်ပြီးတဲ့အခါ အိမ်ကို တန်းတန်းမတ်မတ် ပြန်လာခဲ့ပေးပါ။ မီးမီးနဲ့ မေမေ ဖေဖေ့ကို စောင့်နေပါတယ်။

အိမ်ပြန်ရောက်ရင် တနေ့လုံး ကလေးထိန်းရတဲ့ မေမေ့ကို ဝိုင်းကူပေးရင် မေမေက အရမ်းပျော်ပါတယ်။

မေမေက ဟင်းချက်ရင် ဖေဖေက ပန်းကန်ဝိုင်းကူဆေးပေးပါနော်။ မေမေက အဝတ်လျှော်ရင် ဖေဖေက မီးပူတိုက်ပေးပါ။

ကလေးမွေးလိုက်ရလို့ မေမေက မလှတော့ဘူး။ မေမေက ဝလာတယ်ဆိုပြီး မငြိုငြင်ပါနဲ့နော်။ မေမေ့ကို ပိုချစ်ပေးပါ။

တခါတလေ ညဘက် မီးမီး အိပ်မပျော်လို့ အော်မိရင်  မေမေ့ကို မနိုးဘဲ ဖေဖေက ချော့သိပ်ပေးပါနော်။

ဖေဖေ သူငယ်ချင်းတွေနဲ့ အပြင်ထွက်သလို မေမေ့ကိုလည်း သူငယ်ချင်းတွေနဲ့ လျှောက်လည်ခွင့်ပေးပါနော်။ အဲဒီအချိန်မှာ ဖေဖေက မီးမီးကို တစ်လှည့်ထိန်းပေးပါ။

မေမေ ဝမ်းနည်းရတဲ့အခါတိုင်း မေမေ့ကို ဖေဖေ အပြစ်မတင်ပါနဲ့နော်။ မေမေအနားမှာနေပြီး မေမေ့ကို အားပေးပေးပါနော်။ ” ဆိုပြီးတော့ရေးသားပြောဆိုခဲ့တာပဲဖြစ်ပါတယ် ချစ်ပရိသတ်တို့ရေ…

Source : Sandy Myint Lwin
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

သမီးေလးရဲ႕အာဏာကိုသုံးၿပီး သူမျဖစ္ခ်င္တာေလးေတြကို ခ်စ္ခင္ပြန္းဆီစာေရးၿပီးပို႔ခဲ့တဲ့ ေမေမ စႏၵီျမင့္လြင္

 

ေမေမ ဒီဒီးဟာ ခ်စ္ဖို႔ေကာင္းတဲ့ သမီးေလး Treasureလြင္ကိုေမြးၿပီးေနာက္ပိုင္းမွာဆိုရင္တစ္သားေမြးတစ္ေသြးလွဆိုသလို အရင္ကထက္ပိုၿပီး လွလာခဲ့ပါတယ္။ သူမဟာ သမီးေလးရွိေနၿပီျဖစ္တဲ့အတြက္ အရင္လို အႏုပညာအလုပ္ေတြကို စိတ္ရွိတိုင္းမလုပ္ျဖစ္ေတာ့ဘဲ Treasureေလးကို သာအခ်ိန္ေပးျဖစ္ေနခဲ့ပါတယ္။

သူမရဲ႕ ခ်စ္ခင္ပြန္းကလည္း ခ်စ္စရာေကာင္းတဲ့ သမီးေလးကို ေမြးေပးထားတဲ့ ဇနီးေခ်ာေခ်ာေလးကို အရိပ္တၾကည့္ၾကည့္နဲ႔ ဂ႐ုစိုက္ကာ အခ်စ္ေတြပိုလို႔ေနခဲ့ရပါတယ္။ ဒါေပမယ့္ ဇနီးနဲ႔ သမီးေလးရဲ႕ အနာဂတ္ေရွ႕ေရးအတြက္ အခုကတည္းက ႀကိဳးစားေနခဲ့တာေၾကာင့္ အနားမွာေတာ့ အခ်ိန္‌ျပည့္ရွိမေနႏိုင္ခဲ့ပါဘူး ။ ဒါေၾကာင့္ သူမရဲ႕ ခ်စ္ခင္ပြန္းေလးကို သမီးေလးရဲ႕ အာဏာသုံးကာ သူမျဖစ္ခ်င္တာေလးကို စာေရးၿပီး ေျပာျပခဲ့ပါတယ္။

” သို႔ ေဖေဖ…. အလုပ္ၿပီးတဲ့အခါ အိမ္ကို တန္းတန္းမတ္မတ္ ျပန္လာခဲ့ေပးပါ။ မီးမီးနဲ႔ ေမေမ ေဖေဖ့ကို ေစာင့္ေနပါတယ္။

အိမ္ျပန္ေရာက္ရင္ တေန႔လုံး ကေလးထိန္းရတဲ့ ေမေမ့ကို ဝိုင္းကူေပးရင္ ေမေမက အရမ္းေပ်ာ္ပါတယ္။

ေမေမက ဟင္းခ်က္ရင္ ေဖေဖက ပန္းကန္ဝိုင္းကူေဆးေပးပါေနာ္။ ေမေမက အဝတ္ေလွ်ာ္ရင္ ေဖေဖက မီးပူတိုက္ေပးပါ။

ကေလးေမြးလိုက္ရလို႔ ေမေမက မလွေတာ့ဘူး။ ေမေမက ဝလာတယ္ဆိုၿပီး မၿငိဳျငင္ပါနဲ႔ေနာ္။ ေမေမ့ကို ပိုခ်စ္ေပးပါ။

တခါတေလ ညဘက္ မီးမီး အိပ္မေပ်ာ္လို႔ ေအာ္မိရင္ ေမေမ့ကို မႏိုးဘဲ ေဖေဖက ေခ်ာ့သိပ္ေပးပါေနာ္။

ေဖေဖ သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္သလို ေမေမ့ကိုလည္း သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္လည္ခြင့္ေပးပါေနာ္။ အဲဒီအခ်ိန္မွာ ေဖေဖက မီးမီးကို တစ္လွည့္ထိန္းေပးပါ။

ေမေမ ဝမ္းနည္းရတဲ့အခါတိုင္း ေမေမ့ကို ေဖေဖ အျပစ္မတင္ပါနဲ႔ေနာ္။ ေမေမအနားမွာေနၿပီး ေမေမ့ကို အားေပးေပးပါေနာ္။ ” ဆိုၿပီးေတာ့ေရးသားေျပာဆိုခဲ့တာပဲျဖစ္ပါတယ္ ခ်စ္ပရိသတ္တို႔ေရ…