သူရဲ့ ကြောင်လေးကိုတရွှတ်ရွှတ်နဲ့ နမ်းကာနှုတ်ခမ်းနီမလေးတွေ သ၀န်တိုအောင်လုပ်လိုက်တဲ့ ပိုင်တံခွန်

Posted on

တိရိစ္ဆာန်လေးတွေကို မွေးရတာနှစ်သက်တဲ့ မော်ဒယ်မင်းသားချောလေးပိုင်တံခွန်ဟာ နှုတ်ခမ်းနီမ‌လေးတွေရဲ့ အားပေးမှုကိုအခိုင်အမာရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို အခြေချ၀င်ရောက်လာခဲ့သူဖြစ်သူတော့ အခုနောက်ပိုင်းမှာဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးတွေကို တောင် လက်ခံရိုက်ကူးနေရပြီပဲဖြစ်ပါတယ်။

 

သူဟာ အထူးသဖြင့်တော့ ခွေးလေးတွေ ကြောင်လေးတွေကို ပိုချစ်တတ်ပြီး သူ့ရဲ့ အိမ်မှာလည်း ခွေးတွေကြောင်တွေကို မွေးလို့ထားပါတယ်။ သူမွေးထားတဲ့ ထဲမှာဆိုရင် ဘယ်သွားသွားအမြဲလိုလို ခေါ်သွားလေ့ရှိတဲ့ သူ့ရဲ့ကြောင်လေးကတော့ ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေကြားမှာ ပေါ်ပြူလာဖြစ်နေခဲ့ရပါတယ်။ အခုလည်း ကြောင်လေးနဲ့အတူရိုက်ထားတဲ့‌ ပိုင်တံခွန်ရဲ့ဗီဒီယိုဖိုင်လေးဟာ သူ့ရဲ့မိန်းကလေးပရိသတ်တွေကို အတော်လေးသ၀န်တိုစေခဲ့ပါတယ်။

 

 

ဗီဒီယိုဖိုင်လေးထဲမှာတော့ ပိုင်တံခွန်ဟာ ကြောင်လေးကိုဖက်ပြီး တရွှတ်ရွှတ်နဲ့ အားရပါးရနမ်းနေခဲ့ကာ နှုတ်ခမ်းနီမလေးတွေကို သ၀န်တိုစေခဲ့တာပဲဖြစ်ပါတယ်။ သူရဲ့ကြောင်လေးဟာ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဆိုပေမယ့် ဒီဗီဒီယိုလေးကြောင့် ပိုင်တံခွန်ကို၀န်းရံနေကြတဲ့ နှုတ်ခမ်းနီမလေးတွေကတော့ တော်တော်လေးအသဲယားခဲ့ကြရပါတယ်။ကဲ… ပိုင်တံခွန်တစ်ယောက် အချစ်တော်ကြောင်လေးကို အနမ်းတွေပေးရင်း နှုတ်ခမ်းနီမလေးတွေကို ဘယ်လို အူတိုစေခဲ့လဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်….

 

 


Source : Paing Takhon
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

 

သူရဲ႕ ေၾကာင္ေလးကိုတ႐ႊတ္႐ႊတ္နဲ႔ နမ္းကာႏႈတ္ခမ္းနီမေလးေတြ သ၀န္တိုေအာင္လုပ္လိုက္တဲ့ ပိုင္တံခြန္

 

တိရိစာၦန္ေလးေတြကို ေမြးရတာႏွစ္သက္တဲ့ ေမာ္ဒယ္မင္းသားေခ်ာေလးပိုင္တံခြန္ဟာ ႏႈတ္ခမ္းနီမ‌ေလးေတြရဲ႕ အားေပးမႈကိုအခိုင္အမာရရွိပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ ေမာ္ဒယ္တစ္ေယာက္အျဖစ္နဲ႔ အႏုပညာေလာကထဲကို အေျခခ်၀င္ေရာက္လာခဲ့သူျဖစ္သူေတာ့ အခုေနာက္ပိုင္းမွာဆိုရင္႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ေတာင္ လက္ခံ႐ိုက္ကူးေနရၿပီပဲျဖစ္ပါတယ္။

သူဟာ အထူးသျဖင့္ေတာ့ ေခြးေလးေတြ ေၾကာင္ေလးေတြကို ပိုခ်စ္တတ္ၿပီး သူ႔ရဲ႕ အိမ္မွာလည္း ေခြးေတြေၾကာင္ေတြကို ေမြးလို႔ထားပါတယ္။ သူေမြးထားတဲ့ ထဲမွာဆိုရင္ ဘယ္သြားသြားအၿမဲလိုလို ေခၚသြားေလ့ရွိတဲ့ သူ႔ရဲ႕ေၾကာင္ေလးကေတာ့ ခ်စ္စရာေကာင္းလြန္းလို႔ ပရိသတ္ေတြၾကားမွာ ေပၚျပဴလာျဖစ္ေနခဲ့ရပါတယ္။ အခုလည္း ေၾကာင္ေလးနဲ႔အတူ႐ိုက္ထားတဲ့‌ ပိုင္တံခြန္ရဲ႕ဗီဒီယိုဖိုင္ေလးဟာ သူ႔ရဲ႕မိန္းကေလးပရိသတ္ေတြကို အေတာ္ေလးသ၀န္တိုေစခဲ့ပါတယ္။

ဗီဒီယိုဖိုင္ေလးထဲမွာေတာ့ ပိုင္တံခြန္ဟာ ေၾကာင္ေလးကိုဖက္ၿပီး တ႐ႊတ္႐ႊတ္နဲ႔ အားရပါးရနမ္းေနခဲ့ကာ ႏႈတ္ခမ္းနီမေလးေတြကို သ၀န္တိုေစခဲ့တာပဲျဖစ္ပါတယ္။ သူရဲ႕ေၾကာင္ေလးဟာ ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသားဆိုေပမယ့္ ဒီဗီဒီယိုေလးေၾကာင့္ ပိုင္တံခြန္ကို၀န္းရံေနၾကတဲ့ ႏႈတ္ခမ္းနီမေလးေတြကေတာ့ ေတာ္ေတာ္ေလးအသဲယားခဲ့ၾကရပါတယ္။ကဲ… ပိုင္တံခြန္တစ္ေယာက္ အခ်စ္ေတာ္ေၾကာင္ေလးကို အနမ္းေတြေပးရင္း ႏႈတ္ခမ္းနီမေလးေတြကို ဘယ္လို အူတိုေစခဲ့လဲဆိုတာကို ၾကည့္လိုက္ၾကရေအာင္ေနာ္….