ရုတ်တရက်မျက်လုံးသွေးကြောပေါက်သွားတာကြောင့် အားလုံးကစိုးရိမ်နေကြရတဲ့ ဟိန်းဝေယံရဲ့လက်ရှိအခြေအနေ

Posted on

အနုပညာလောကမှာအောင်မြင်မှုရရှိပြီး နှစ်ပေါင်းများစွာရပ်တည်လာခဲ့တဲ့ သရုပ်ဆောင်ဟိန်းဝေယံ တစ်ယောက် မျက်လုံးသွေးကြောပေါက်သွားတဲ့ပုံရိပ်လေးတစ်ခုကို လူမှုကွန်ယက်မှာ ဝေမျှပြီးနောက် ပရိသတ်တွေကလည်း စိုးရိမ်တကြီး ဖြစ်ပြီး ဆေးခန်းအမြန်ဆုံးသွားပြခိုင်းခဲ့ပါတယ်။ ဒီလိုရောဂါမျိုးဟာ ကြာကြာထားလို့မသင့်ပဲ အချိန်ဆွဲမိရင် မလိုလားအပ်တဲ့ အခြေအနေထိပါရောက်သွားနိုင်တာမို့ အမြန်ဆုံးကုသမှုခံယူသင့်တဲ့ရောဂါမျိုးပါပဲ။

အသက်သုံးဆယ်ကျော်အရွယ်တည်ငြိမ်ရင့်ကျက်တဲ့အမျိုးသားတစ်ယောက်ရဲ့အသွင်အပြင်တွေ အပြည့်မြင်ရတဲ့ မင်းသားချော ဟာ ယနေ့ထက်တိုင်ပျိုပျိုမေတို့ရဲ့အသည်းကျော်တစ်ယောက် ဖြစ်နေဆဲပါပဲ။ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဇာတ်ကား ပေါင်းများစွာရိုက်ကူးခဲ့ပြီး အားပေးကြမ်းတဲ့ပရိသတ်တွေကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

မျက်လုံးသွေးကြောပေါက်သွားတဲ့ပုံရိပ်ကို ” (၆.၁၁.၂၀၁၉) မျက်လုံးသွေးကြောပေါက် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေလည်းအတော်လေးစိတ်ပူသွားပြီး ဆေးခန်းသွားပြဖို့ တဖွဖွမှာနေတဲ့မှတ်ချက်တွေလည်းအများအပြားပါပဲ။ ဟိန်းဝေယံကတော့ ဘာမှပြန်လည်ပြီး မှတ်ချက်မပေးခဲ့ပါဘူး။ အမြန်ဆုံးသက်သာပါစေမင်းသားရေ။

Photo – Hein Wai Yan
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ႐ုတ္တရက္မ်က္လုံးေသြးေၾကာေပါက္သြားတာေၾကာင့္ အားလုံးကစိုးရိမ္ေနၾကရတဲ့ ဟိန္းေဝယံရဲ႕လက္ရွိအေျခအေန ”

အႏုပညာေလာကမွာေအာင္ျမင္မႈရရွိၿပီး ႏွစ္ေပါင္းမ်ားစြာရပ္တည္လာခဲ့တဲ့ သ႐ုပ္ေဆာင္ဟိန္းေဝယံ တစ္ေယာက္ မ်က္လုံးေသြးေၾကာေပါက္သြားတဲ့ပုံရိပ္ေလးတစ္ခုကို လူမႈကြန္ယက္မွာ ေဝမွ်ၿပီးေနာက္ ပရိသတ္ေတြကလည္း စိုးရိမ္တႀကီးျဖစ္ၿပီး ေဆးခန္းအျမန္ဆုံးသြားျပခိုင္းခဲ့ပါတယ္။ ဒီလိုေရာဂါမ်ိဳးဟာ ၾကာၾကာထားလို႔မသင့္ပဲ အခ်ိန္ဆြဲမိရင္ မလိုလားအပ္တဲ့အေျခအေနထိပါေရာက္သြားႏိုင္တာမို႔ အျမန္ဆုံးကုသမႈခံယူသင့္တဲ့ေရာဂါမ်ိဳးပါပဲ။

အသက္သုံးဆယ္ေက်ာ္အ႐ြယ္တည္ၿငိမ္ရင့္က်က္တဲ့အမ်ိဳးသားတစ္ေယာက္ရဲ႕အသြင္အျပင္ေတြ အျပည့္ျမင္ရတဲ့ မင္းသားေခ်ာဟာ ယေန႔ထက္တိုင္ပ်ိဳပ်ိဳေမတို႔ရဲ႕အသည္းေက်ာ္တစ္ေယာက္ ျဖစ္ေနဆဲပါပဲ။ ကိုယ္ပိုင္႐ုပ္ရွင္ထုတ္လုပ္ေရးအတြက္ ဇာတ္ကားေပါင္းမ်ားစြာ႐ိုက္ကူးခဲ့ၿပီး အားေပးၾကမ္းတဲ့ပရိသတ္ေတြကိုလည္း ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။

မ်က္လုံးေသြးေၾကာေပါက္သြားတဲ့ပုံရိပ္ကို ” (၆.၁၁.၂၀၁၉) မ်က္လုံးေသြးေၾကာေပါက္ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ ပရိသတ္ေတြလည္းအေတာ္ေလးစိတ္ပူသြားၿပီး ေဆးခန္းသြားျပဖို႔ တဖြဖြမွာေနတဲ့မွတ္ခ်က္ေတြလည္း အမ်ားအျပားပါပဲ။ ဟိန္းေဝယံကေတာ့ ဘာမွျပန္လည္ၿပီး မွတ္ခ်က္မေပးခဲ့ပါဘူး။ အျမန္ဆုံးသက္သာပါေစမင္းသားေရ

Photo – Hein Wai Yan
Happy – Cele Zone