ချစ်ဇနီးနဲ့ဖူးစာဆုံခဲ့ထဲ ” ဧည့်သည် ” ဇာတ်ကားထဲက အိမ်လေးကို မိခင်အတွက်ဝယ်ပေးခဲ့တဲ့ ရွှေထူး

Posted on

ကြည်နူးစရာကောင်းတဲ့နှစ်ယောက်တစ်ကမ္ဘာလေးကို တည်ဆောက်ထားကြတဲ့ ရွှေထူးနဲ့ရွှေမှုံတို့ရဲ့ အချစ်စံအိမ်လေးမှာ နှစ်ယောက်တည်းအတူတူနေပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်မဝဖြစ်နေခဲ့ ကြတာပဲဖြစ်ပါတယ်။ ဒီလိုကြည်နူးမှုတွေနဲ့ အိမ်ထောင်မပြုခင်မှာပဲ ရွှေထူးတစ်ယောက် မိခင်ဖြစ်သူကို အိမ်လေးတစ်လုံးဝယ်ပေးနိုင်ခဲ့ပါတယ်။ မိဘကိုသိတတ်တဲ့ သားကောင်းရတနာလေးမို့ တိုးတက်ကြီးပွားတာ မဆန်းတော့ပါဘူးနော်။

ဒီအိမ်လေးဟာ ရွှေစုံတွဲတို့ရဲ့ ပထမဆုံး ဆုံတွေ့မှုဖြစ်တဲ့ ” ဧည့်သည် ” ဇာတ်ကားထဲက အိမ်လေးဖြစ်ပြီး မိခင်အတွက် အမှတ်တရဝယ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ရိုးရှင်းတဲ့ပုံစံလေးနဲ့ အိမ်လေးဟာ အေးချမ်းမယ့်ပုံလေးပါပဲ။ ဒီနေ့မှာလည်း ညီအငယ်ဆုံးလေးရဲ့ မွေးနေ့ဖြစ်ပြီး ရွှေထူးတစ်ယောက် ညီလေးကိုလည်း မွေးနေ့ဆုတောင်းပေးခဲ့ပါသေးတယ်။

သားလိမ္မာလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့မေမေကတော့ အရမ်းကိုကျေနပ်ပီတိဖြစ်နေမှာ အသေအချာပါပဲ။ အိမ်ရှေ့မှာပဲ သစ်ပင်လေးတွေစိုက်ထားပြီး စိမ်းစိမ်းစိုစိုပုံစံလေးက နေချင်စဖွယ်ဖြစ်နေခဲ့ပါတယ်။ ဒီလိုကြည်နူးစရာအမှတ်တရလေးကို ” အိမ်ထောင်မကျခင် အမေ့အတွက် အိမ်လေးတစ်လုံးဝယ်ပေးနိုင်ခဲ့တယ်… ဧည့်သည်ထဲကအိမ်လေးပါ ” ဆိုပြီး ရွှေထူးက ပြောပြခဲ့တာပဲဖြစ်ပါတယ်။

Photo – Htoo Khant
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ခ်စ္ဇနီးနဲ႔ဖူးစာဆံုခဲ့ထဲ ” ဧည့္သည္ ” ဇာတ္ကားထဲက အိမ္ေလးကို မိခင္အတြက္ဝယ္ေပးခဲ့တဲ့ ေရႊထူး ”

ၾကည္ႏူးစရာေကာင္းတဲ့ႏွစ္ေယာက္တစ္ကမၻာေလးကို တည္ေဆာက္ထားၾကတဲ့ ေရႊထူးနဲ႔ေရႊမံႈတို႔ရဲ႕ အခ်စ္စံအိမ္ေလးမွာ ႏွစ္ေယာက္တည္းအတူတူေနျပီး တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္မဝျဖစ္ေနခဲ့ ၾကတာပဲျဖစ္ ပါတယ္။ ဒီလိုၾကည္ႏူးမႈေတြနဲ႔ အိမ္ေထာင္မျပဳခင္မွာပဲ ေရႊထူးတစ္ေယာက္ မိခင္ျဖစ္သူကို အိမ္ေလးတစ္လံုး ဝယ္ေပးႏိုင္ခဲ့ပါတယ္။ မိဘကိုသိတတ္တဲ့ သားေကာင္းရတနာေလးမို႔ တိုးတက္ၾကီးပြားတာ မဆန္းေတာ့ပါဘူးေနာ္။

ဒီအိမ္ေလးဟာ ေရႊစံုတြဲတို႔ရဲ႕ ပထမဆံုး ဆံုေတြ႕မႈျဖစ္တဲ့ ” ဧည့္သည္ ” ဇာတ္ကားထဲက အိမ္ေလးျဖစ္ျပီး မိခင္အတြက္အမွတ္တရဝယ္ေပးခဲ့တာပဲျဖစ္ပါတယ္။ ရိုးရွင္းတဲ့ပံုစံေလးနဲ႔ အိမ္ေလးဟာ ေအးခ်မ္းမယ့္ပံုေလးပါပဲ။ ဒီေန႔မွာလည္း ညီအငယ္ဆံုးေလးရဲ႕ ေမြးေန႔ျဖစ္ျပီး ေရႊထူးတစ္ေယာက္ ညီေလးကိုလည္း ေမြးေန႔ ဆုေတာင္းေပးခဲ့ပါေသးတယ္။

သားလိမၼာေလးတစ္ေယာက္ကို ပိုင္ဆုိင္ထားတဲ့ေမေမကေတာ့ အရမ္းကိုေက်နပ္ပီတိျဖစ္ေနမွာ အေသအခ်ာပါပဲ။ အိမ္ေရွ႕မွာပဲ သစ္ပင္ေလးေတြစိုက္ထားျပီး စိမ္းစိမ္းစိုစိုပံုစံေလးက ေနခ်င္စဖြယ္ျဖစ္ေနခဲ့ပါတယ္။ ဒီလို ၾကည္ႏူးစရာအမွတ္တရေလးကို ” အိမ္ေထာင္မက်ခင္ အေမ့အတြက္ အိမ္ေလးတစ္လံုးဝယ္ေပးႏိုင္ခဲ့တယ္… ဧည့္သည္ထဲက အိမ္ေလးပါ ” ဆိုျပီး ေရႊထူးက ေျပာျပခဲ့တာပဲျဖစ္ပါတယ္။

Photo – Htoo Khant
Happy – Cele Zone