မွန်းကြပ်တဲ့မြို့ပြရဲ့အဝေးမှာ အေးချမ်းတဲ့ တောအရသာကို အပြည့်အဝခံစားနိုင်ဖို့ Camping ထွက်လာခဲ့တဲ့ နန်းဆုရတီစိုး

ခရီးတွေမထွက်ရတာကြာပြီမို့ လူတော်တော်များများက ရန်ကုန်မြို့နဲ့သိပ်မဝေးတဲ့ ခြံကျယ်တွေထဲမှာ ဖန်တီးထားတဲ့ Camping ပုံစံတွေကို ပိုပြီးသဘောကျလာခဲ့ပါတယ်။ အဝေးကြီးသွားစရာမလိုဘဲ စိတ်အပန်းဖြေရာလည်းရောက်တာမို့ နန်းဆုတစ်ယောက်လည်း အပြေးလေး Camping ထွက်လာခဲ့ပါတယ်။

 

ဘယ်အချိန်ကြည့်ကြည့်ဖက်ရှင်ကျလွန်းသူလေးကတော့ Camping ထွက်တဲ့အခါ ပေါ့ပေါ့ပါးပါး ဖြစ်မယ့်ဝတ်စုံလေးနဲ့တောင် အရမ်းကိုကြည့်ကောင်းနေခဲ့ပါတယ်။ သွယ်လျလျခန္ဓာကိုယ်လေး ကို ပိုင်ဆိုင်ထားသူမို့ ဘာဝတ်ဝတ်ကြည့်ကောင်းနေတာတော့ အမှန်ပါပဲ။ သူမရဲ့အလှအပနဲ့ ပတ်သက်ပြီးလည်းအတော်လေးဂရုစိုက်တာမို့ အသက်အရွယ်ခန့်မှန်းမရနိုင်လောက်အောင်ကို နုပျိုနေသူလေးပါ။

 

 

မြို့ပြရဲ့မွန်းကြပ်မှုတွေကြားက ခဏတာလောက်လွတ်မြောက်ဖို့အတွက် Camping ထွက်ခဲ့တဲ့ သူမရဲ့အပျော်ပုံရိပ်လေးတွေကို ” ဟိုနားဒီနား Camping ” ဆိုပြီး လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ ဒီလိုနေရာလေးတွေမှာ စိတ်အပန်းဖြေတော့ နောက်ထပ်သီချင်းကောင်းလေး တွေ အများကြီးဖန်တီးဖို့ စိတ်ကူးစိတ်သန်းတွေ ပေါ်လာတော့မှာပါ။

 

Happy – Cele Zone
Photo – Nansu Yati Soe

error: Content is protected !!