သူငယ်ချင်းကလေးကို တစ်ရက်တာယူထိန်းပေးပြီး သံပုရာသီးကျွေးကာ ဂျင်းထည့်နေတဲ့ မအေးသောင်း

Posted on

အပျိုကြီးမအေးသောင်းတစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ကလေးကို တစ်ရက်တာယူထိန်းပေးပြီးနောက်မှာတော့ ကလေး တစ်ယောက်ရဲ့ အဆိုးအကောင်းတွေကို တော်တော်များများနားလည်သွားပြီး သူမလဲတော်တော်လေးပင်ပန်းသွားပုံပါပဲ။ ကလေးထိန်းရတာ တကယ်တော့လွယ်ကူတဲ့အလုပ်မဟုတ်ဘူးဆိုတာ ကလေးထိန်းဖူးသူတိုင်းသိကြပါတယ်။ မိခင်တွေ ဆိုရင်တော့ ပြောလို့ကုန်မှာတောင်မဟုတ်ပါဘူး။

တီတီတာတာမပြောတတ်သေးတဲ့ကလေးတွေ၊ စကားပြောစမ်းနေတဲ့ကလေးတွေဆိုရင် ကိုယ်နားလည်လည် မလည်လည် သူတို့ပြောတာတွေကို နောက်ကနေလိုက်ပြီး ဟန်လုပ်ပေးရပါသေးတယ်။ အပျိုကြီးတစ်ယောက် ဒီအကြောင်းကို ကောင်းကောင်းကြီးသိပြီးနောက် ကလေးထိန်းတာနဲ့ပက်သက်ပြီး သူမကြုံခဲ့ရတဲ့အချက်လေးတွေကို ဝေမျှခဲ့ပါသေးတယ်။

” သူငယ်ချင်းကလေးလေးကို တနေ့တာယူထိန်းခြင်း
၁- စက္ကန့်မလပ်စောင့်ကြည့်ခြင်း အတတ်ပညာ
၂- ငိုရင်မျိုးစုံချော့တတ်လာတယ်
၃-အဓိပ္ပါယ်မသိတဲ့ ဝူး ဝါး အီ အား တွေ လျောက်ပြောတတ်လာတယ်။
၄-Child TV, Chu Chu TV ထဲက သီချင်းတွေ ဆိုတတ်သွားတယ်။
၅- အစားကျွေးရတာ အိုက်တင်မျိုးစုံနဲ့အရုပ်အစုံကုန်တယ်
အမလေး အပျိုကြီး ဒါတရက်ပဲရှိသေးတယ်နော် ခေးမေမေတို့ရေ ဘယ်လိုတွေ စူပါမေမေတွေ ဖြစ်နေကြတာလဲ ” ဆိုပြီး မေးခဲ့ပါသေးတယ်။ အပျိုကြီးတော့ ကလေးကြောက်သွားပုံရတယ်နော်။

Photo – Aye Thaung
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” သူငယ္ခ်င္းကေလးကို တစ္ရက္တာယူထိန္းေပးျပီး သံပုရာသီးေကြ်းကာ ဂ်င္းထည့္ေနတဲ့ မေအးေသာင္း ”

အပ်ိဳႀကီးမေအးေသာင္းတစ္ေယာက္ သူငယ္ခ်င္းျဖစ္သူရဲ႕ကေလးကို တစ္ရက္တာယူထိန္းေပးၿပီးေနာက္မွာေတာ့ ကေလး တစ္ေယာက္ရဲ႕ အဆိုးအေကာင္းေတြကို ေတာ္ေတာ္မ်ားမ်ားနားလည္သြားျပီး သူမလဲေတာ္ေတာ္ေလးပင္ပန္းသြားပံုပါပဲ။ ကေလးထိန္းရတာ တကယ္ေတာ့လြယ္ကူတဲ့အလုပ္မဟုတ္ဘူးဆိုတာ ကေလးထိန္းဖူးသူတိုင္းသိၾကပါတယ္။ မိခင္ေတြဆိုရင္ေတာ့ ေျပာလို႔ကုန္မွာေတာင္မဟုတ္ပါဘူး။

တီတီတာတာမေျပာတတ္ေသးတဲ့ကေလးေတြ၊ စကားေျပာစမ္းေနတဲ့ကေလးေတြဆိုရင္ ကိုယ္နားလည္လည္ မလည္လည္ သူတို႔ေျပာတာေတြကို ေနာက္ကေနလိုက္ျပီး ဟန္လုပ္ေပးရပါေသးတယ္။ အပ်ိဳၾကီးတစ္ေယာက္ ဒီအေၾကာင္းကို ေကာင္းေကာင္းၾကီးသိျပီးေနာက္ ကေလးထိန္းတာနဲ႔ပက္သက္ျပီး သူမၾကံဳခဲ့ရတဲ့အခ်က္ေလးေတြကို ေဝမွ်ခဲ့ပါေသးတယ္။

” သူငယ္ခ်င္းကေလးေလးကို တေန႔တာယူထိန္းျခင္း
၁- စကၠန႔္မလပ္ေစာင့္ၾကည့္ျခင္း အတတ္ပညာ
၂- ငိုရင္မ်ိဳးစုံေခ်ာ့တတ္လာတယ္
၃-အဓိပၸါယ္မသိတဲ့ ဝူး ဝါး အီ အား ေတြ ေလ်ာက္ေျပာတတ္လာတယ္။
၄-Child TV, Chu Chu TV ထဲက သီခ်င္းေတြ ဆိုတတ္သြားတယ္။
၅- အစားေကြၽးရတာ အိုက္တင္မ်ိဳးစုံနဲ႔အ႐ုပ္အစုံကုန္တယ္
အမေလး အပ်ိဳႀကီး ဒါတရက္ပဲရွိေသးတယ္ေနာ္ ေခးေမေမတို႔ေရ ဘယ္လိုေတြ စူပါေမေမေတြ ျဖစ္ေနၾကတာလဲ ” ဆိုျပီး ေမးခဲ့ပါေသးတယ္။ အပ်ိဳၾကီးေတာ့ ကေလးေၾကာက္သြားပံုရတယ္ေနာ္။

Photo – Aye Thaung
Happy – Cele Zone