မိခင် ဖြစ်သူ သာသနာ့ဘောင်ထဲ၀င်ပြီး မကြာခင်မှာ တရားစခန်းလိုက်၀င်ခဲ့တဲ့ မိုးအောင်ရင်

Posted on

ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ မင်းသာချောမိုးအောင်ရင်ဟာ အခုဆိုရင် အရင်ကထက်ပိုပြီးရင့်ကျက်သူတစ်ယောက်ဖြစ်လာကာ ဘာသာတရားလည်း အရမ်းလုပ်လာတာကိုတွေ့ရပါတယ်။ အလှူအတန်းလေးတွေကိုလည်း ကိုယ်ပိုင်၀င်ငွေလေးနဲ့ တနိုင်တပိုင်လုပ်ကာ ကုသိုလ်ရေးတွေအတော်လေးလုပ်နေခဲ့ပြန်ပါတယ်။

 

 

မိုးအောင်ရင်ဟာ တစ်ခေတ်တခါကတည်းက ပရိသတ်တွေအားပေး‌မှုတွေကို အတော်လေးရရှိထားတဲ့ မင်းသားချောလေးမို့ အခုလိုအနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လာတဲ့ အခါမှာတော့ ၀န်းရံအားပေးတဲ့ ပရိသတ်တွေ များပြားလို့နေခဲ့ပါတယ်။ သူ့ရဲ့ မိခင်ဖြစ်သူ ဒေါ်မိုးသဉ္ဇာမြင့်ဟာလည်း လွန်ခဲ့တဲ့ ရက်ပိုင်းကမှ သာသနာ့ဘောင်ထဲကို၀င်ရောက်ခဲ့ပြီးတော့ အခုတစ်ခါမှာလည်း မိုးအောင်ရင်ဟာ (၁၀)ရက်တရားစခန်း၀င်ပြီး ကုသိုလ်ယူခဲ့ပြန်တာကိုတွေ့ရပါတယ်။

 


‌ဖခင်ဖြစ်သူ ဦးအောင်ရင်ဟာ သားတရားစခန်း၀င်တာကို ကိုယ်တိုင်လိုက်ပို့ပေးခဲ့ပြီးတော့ သားအလိမ္မာလေးကို ဆုတွေလည်းပေးခဲ့ပါတယ်။ “မနက်အစောကြီးသားကိုလေဆိပ်လိုက်ပို့ပေးတယ်။ မေမြို့ဦးဂိုအင်ဂါမှာ ၁၀ ရက်တရားစခန်းဝင်မှာပါ။ တရားထူးတရားမြတ်များ ကျင့်ကြံပွားများ အားထုတ်နိုင်ပါစေ သားရေ …” ဆိုပြီးတော့ ဘာသာရေးကို ယုံယုံကြည်ကြည်လုပ်နေတဲ့ သားလေးမိုးအောင်ရင်ကို ဆုပေးခဲ့ပါတယ်။ ကဲ… သားဖြစ်သူ တရားစခန်းသွားဖို့ အတွက် ‌အဖေကိုယ်တိုင် မနက်အစောကြီးထပြီး လေဆိပ်လိုက်ပို့ပေးခဲ့တဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

 

 

Source : Moe Aung Yin
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

 

မိခင္ ျဖစ္သူ သာသနာ့ေဘာင္ထဲ၀င္ၿပီး မၾကာခင္မွာ တရားစခန္းလိုက္၀င္ခဲ့တဲ့ မိုးေအာင္ရင္

 


ခက္ခဲတဲ့အခ်ိန္ေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ရတဲ့ မင္းသာေခ်ာမိုးေအာင္ရင္ဟာ အခုဆိုရင္ အရင္ကထက္ပိုၿပီးရင့္က်က္သူတစ္ေယာက္ျဖစ္လာကာ ဘာသာတရားလည္း အရမ္းလုပ္လာတာကိုေတြ႕ရပါတယ္။ အလႉအတန္းေလးေတြကိုလည္း ကိုယ္ပိုင္၀င္ေငြေလးနဲ႔ တႏိုင္တပိုင္လုပ္ကာ ကုသိုလ္ေရးေတြအေတာ္ေလးလုပ္ေနခဲ့ျပန္ပါတယ္။

မိုးေအာင္ရင္ဟာ တစ္ေခတ္တခါကတည္းက ပရိသတ္ေတြအားေပး‌မႈေတြကို အေတာ္ေလးရရွိထားတဲ့ မင္းသားေခ်ာေလးမို႔ အခုလိုအႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္လာတဲ့ အခါမွာေတာ့ ၀န္းရံအားေပးတဲ့ ပရိသတ္ေတြ မ်ားျပားလို႔ေနခဲ့ပါတယ္။ သူ႔ရဲ႕ မိခင္ျဖစ္သူ ေဒၚမိုးသၪၨာျမင့္ဟာလည္း လြန္ခဲ့တဲ့ ရက္ပိုင္းကမွ သာသနာ့ေဘာင္ထဲကို၀င္ေရာက္ခဲ့ၿပီးေတာ့ အခုတစ္ခါမွာလည္း မိုးေအာင္ရင္ဟာ (၁၀)ရက္တရားစခန္း၀င္ၿပီး ကုသိုလ္ယူခဲ့ျပန္တာကိုေတြ႕ရပါတယ္။

‌ဖခင္ျဖစ္သူ ေအာင္ရင္ဟာ သားတရားစခန္း၀င္တာကို ကိုယ္တိုင္လိုက္ပို႔ေပးခဲ့ၿပီးေတာ့ သားအလိမၼာေလးကို ဆုေတြလည္းေပးခဲ့ပါတယ္။ ” မနက္အေစာႀကီးသားကိုေလဆိပ္လိုက္ပို႔ေပးတယ္။ ေမၿမိဳ႕ဦးဂိုအင္ဂါမွာ ၁၀ ရက္တရားစခန္းဝင္မွာပါ။ တရားထူးတရားျမတ္မ်ား က်င့္ႀကံပြားမ်ား အားထုတ္ႏိုင္ပါေစ သားေရ …” ဆိုၿပီးေတာ့ ဘာသာေရးကို ယုံယုံၾကည္ၾကည္လုပ္ေနတဲ့ သားေလးမိုးေအာင္ရင္ကို ဆုေပးခဲ့ပါတယ္။ ကဲ… သားျဖစ္သူ တရားစခန္းသြားဖို႔ အတြက္ ‌အေဖကိုယ္တိုင္ မနက္အေစာႀကီးထၿပီး ေလဆိပ္လိုက္ပို႔ေပးခဲ့တဲ့ ၾကည္ႏူးဖြယ္ပုံရိပ္ေလးေတြကိုေတာ့ ပရိသတ္ေတြအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။