သာသနာ့ဘောင်ကိုဝင်ရောက်သွားပြီဖြစ်တဲ့ သရုပ်ဆောင် သူရိယ (ခ) ဥပဉ္ဇင်း နာယက

Posted on

အနုပညာအလုပ်တွေလည်းလုပ်ရင်း တစ်ဖက်ကလည်းကုသိုလ်ရေးအတွက်ပြုလုပ်နေတဲ့ သရုပ်ဆောင်သူရိယကတော့ သာသနာ့ဘောင်ကိုခေတ္တဝင်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်။ အေးချမ်းတဲ့သာသနာ့အရိပ်မှာ ခေတ္တခိုလှုံပြီး လောကီရဲ့ အပူမီးတွေကို ငြိမ်းသတ်နေခဲ့တာပဲ ဖြစ်ပါတယ်။ အသိမပေးပဲရုတ်တရက်ကြီး သာသနာ့ဘောင်ဝင်သွားခဲ့ကာ သင်္ကန်းနဲ့ ပုံရိပ်လေးကို ဝေမျှလိုက်မှ ပရိသတ်တွေက တအံ့တသြဖြစ်ခဲ့ရပါတယ်။

ကောင်းမှုလုပ်တာဖြစ်လို့ အားလုံးကလည်းသာဓုခေါ်ရင်းကြည်နူးမဆုံးဖြစ်နေခဲ့ပါတယ်။ ငယ်စဉ်ကတည်းက မိဘရဲ့ကိုယ်ပိုင် စီးပွားရေးအတွက်ကြော်ငြာရိုက်ကူးရင်း ပရိသတ်တွေက သတိထားပြီးချစ်ခဲ့ရတဲ့ ကလေးသရုပ်ဆောင်လေးကနေ အခုဆိုရင် အောင်မြင်တဲ့ သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းခဲ့တာ အချိန်တစ်ခုထိ ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။

သင်္ကန်းခြုံပြီး ပကတိအေးချမ်းတဲ့မျက်နှာထားနဲ့ ကြည်ညိုဖွယ်ရာပုံရိပ်လေးကို ” ဥပဉ္ဇင်း နာယက ” ဆိုပြီးလူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း အလှူလေးတွေလုပ်ပြီး သာသနာအကျိုးကိုလည်းမျှော်ကိုးတဲ့ မင်းသားချောတစ်ယောက် သာသနာ့ဘောင်မှာ ခေတ္တခိုလှုံနေပုံလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo – Thu Riya
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” သာသနာ့ေဘာင္ကိုဝင္ေရာက္သြားၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္ သူရိယ (ခ) ဥပၪၨင္း နာယက ”

အႏုပညာအလုပ္ေတြလည္းလုပ္ရင္း တစ္ဖက္ကလည္းကုသိုလ္ေရးအတြက္ျပဳလုပ္ေနတဲ့ သ႐ုပ္ေဆာင္သူရိယကေတာ့ သာသနာ့ေဘာင္ကိုေခတၱဝင္ေရာက္သြားခဲ့တာပဲျဖစ္ပါတယ္။ ေအးခ်မ္းတဲ့သာသနာ့အရိပ္မွာ ေခတၱခိုလႈံၿပီး ေလာကီရဲ႕ အပူမီးေတြကို ၿငိမ္းသတ္ေနခဲ့တာပဲ ျဖစ္ပါတယ္။ အသိမေပးပဲ႐ုတ္တရက္ႀကီး သာသနာ့ေဘာင္ဝင္သြားခဲ့ကာ သကၤန္းနဲ႔ ပုံရိပ္ေလးကို ေဝမွ်လိုက္မွ ပရိသတ္ေတြက တအံ့တၾသျဖစ္ခဲ့ရပါတယ္။

ေကာင္းမႈလုပ္တာျဖစ္လို႔ အားလုံးကလည္းသာဓုေခၚရင္းၾကည္ႏူးမဆုံးျဖစ္ေနခဲ့ပါတယ္။ ငယ္စဥ္ကတည္းက မိဘရဲ႕ကိုယ္ပိုင္စီးပြားေရးအတြက္ေၾကာ္ျငာ႐ိုက္ကူးရင္း ပရိသတ္ေတြက သတိထားၿပီးခ်စ္ခဲ့ရတဲ့ ကေလး သ႐ုပ္ေဆာင္ေလးကေန အခုဆိုရင္ ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္အျဖစ္နဲ႔ အႏုပညာလမ္းေၾကာင္းေပၚမွာေလွ်ာ က္လွမ္းခဲ့တာ အခ်ိန္တစ္ခုထိ ၾကာျမင့္ခဲ့ၿပီပဲျဖစ္ပါတယ္။

သကၤန္းၿခဳံၿပီး ပကတိေအးခ်မ္းတဲ့မ်က္ႏွာထားနဲ႔ ၾကည္ညိဳဖြယ္ရာပုံရိပ္ေလးကို ” ဥပၪၨင္း နာယက ” ဆိုျပီးလူ မႈကြန္ယက္မွာေဝမွ်လိုက္တာပဲျဖစ္ပါတယ္။ မၾကာခဏဆိုသလိုလည္း အလွဴေလးေတြလုပ္ျပီး သာသနာအက်ိဳးကို လည္းေမွ်ာ္ကိုးတဲ့ မင္းသားေခ်ာတစ္ေယာက္ သာသနာ့ေဘာင္မွာ ေခတၱခိုလႈံေနပံုေလးကို ပရိသတ္ၾကီးအတြက္ တင္ဆက္ေပးလိုက္တယ္ေနာ္။

Photo – Thu Riya
Happy – Cele Zone