ခက်ခဲတဲ့အင်္ဂလိပ်သီချင်းကို ပိုင်ပိုင်နိုင်နိုင်ဆိုပြသွားခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုတွေရခဲ့တဲ့ ကျော်ကျော်ဗိုလ်ရဲ့သမီးလေး

Posted on

အနုပညာသွေးအပြည့်ပါတဲ့ သရုပ်ဆောင်ကျော်ကျော်ဗိုလ်ရဲ့သမီးလေး အိုင်ခီတစ်ယောက် မိဘဘိုးဘွားတွေရဲ့ ခြေရာကို အပြည့်အဝနင်းမယ့်သမီးလေးဖြစ်ခဲ့ပါတယ်။ ကီးအမြင့်သံတွေပါတဲ့ ” Hide Away ” ဆိုတဲ့ သီချင်းကို Smule မှာ ပိုင်ပိုင် နိုင်နိုင်ဆိုနေတဲ့ Video လေးကို ကျော်ကျော်ဗိုလ်တစ်ယောက် ဂုဏ်ယူဝမ်းသာစွာနဲ့ လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။

နားထောင်သူတိုင်းတအံ့တသြနဲ့ချီးကျူးခဲ့ရပါတယ်။ အသက်အရွယ်ငယ်ပေမယ့် အနုပညာကတော့မငယ်ပါဘူး ပရိသတ်ကြီး ရေ။ မျက်နှာထားလေးတွေနဲ့ဆိုနေတဲ့ပုံလေးက အရမ်းကိုအသည်းယားစရာပါ။ ဒီလိုထူးချွန်ထက်မြက်တဲ့သမီးလေးဖြစ်အောင် ပျိုးထောင်ထားတဲ့ ဖေဖေနဲ့မေမေကတော့ ဂုဏ်ယူမဆုံးဖြစ်နေမှာတော့ အသေအချာပါပဲ။

ကီးအမြင့်တွေကိုလဲ ပိုင်ပိုင်နိုင်နိုင်ဆိုနိုင်တဲ့ သမီးလေးအိုင်ခီရဲ့ Video လေးကို ဇာဏ်ခီကလည်း Share လုပ်ပြီး ချီးကျူးခဲ့ပါ သေးတယ်။ သမီးလေးရဲ့ Video လေးကို ဖေဖေကျော်က ” That’s my Girl ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာ ကောင်းတဲ့သမီးလေး အိုင်ခီရဲ့ သီဆိုမှုတွေကို ပရိသတ်ကြီးအတွက်လည်း တင်ဆက်ပေးလိုက်တယ်နော်။

Video / Photo – Kyaw Kyaw Bo
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone