ပရိသတ်တွေမသိသေးတဲ့နောက်ကွယ်က ကျန်းမာရေးအခြေအနေတွေကိုပြောပြလိုက်တဲ့ ထက်ထက်မိုးဦး

Posted on

တစ်ခေတ်တစ်ခါက ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ ထက်ထက်မိုးဦးဟာ အခုတစ်ခါမှာတော့ ပရိသတ်တွေမသိသေးတဲ့ သူမရဲ့ကျန်းမာရေးအခြေအနေတွေအကြောင်းကိုပြောပြခဲ့ပါတယ်။ သူမဟာ စီးပွားရေးကတစ်ဖက် မိသားစုကတစ်ဖက်နဲ့မို့ အရင်လို အနုပညာအလုပ်တွေကို အများကြီးပြန်မလုပ်နိုင်ဖြစ်နေခဲ့ရတဲ့အပြင် ခဏခဏ ခွဲခန်း၀င်နေရတဲ့ ကျန်းမာရေးအ‌ခြေတွေကြောင့်လည်း စိတ်ညစ်နေခဲ့ရပါတယ်။

 

ဒါ‌ေပမယ့် သူမကိုအားပေးချစ်ခင်တဲ့ ပရိသတ်တွေကတော့ နည်းနည်းလေးမှလျော့မသွားခဲ့ပါဘူးနော် ။သူမကလည်း အလျဉ်းသင့်ရင်သင့်သလို အနုပညာအလုပ်လေးတွေကို ပြန်လုပ်နေခဲ့ပါသေးတယ်။ သာယာတဲ့ မိသားစုလေးနဲ့ သူမကို ချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေကြောင့် သူမအားတက်နေရပေမယ့် ကျန်းမာကချူချာနေတော့ ဘာပဲလုပ်လုပ် စိတ်သွားတိုင်းကိုယ်မပါဘဲ အမြဲဂရုစိုက်နေရပါတယ်။ ဒါကြောင့် သူမရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သတ်ပြီး စိတ်ညစ်နေရတဲ့အကြောင်းတွေကို လူမှုစာမျက်နှာပေါ်မှာရေးသားထားခဲ့ပါတယ်။

 

” ဘန်ကောက်မှာ လည်ပင်းခွဲထားတာ… ခုဘယ်ဘက်မှာ အကြိတ်ထပ်တွေ့တော့မခွဲစိပ်ရပဲပျောက်ရင်ကောင်းမှာ….ဆုတောင်းမိပါတယ်ခဏခဏခွဲစိပ်ခန်းထဲဝင်ပြီး နှလုံးခွဲလိုက် လည်ပင်းခွဲလိုက် ဗိုက်ကခဏခဏခွဲလိုက်နဲ့
ဘာမှမလုပ်ချင်အောင်စိတ်ညစ်မိပါတယ်။ဒီတခါတော့မခွဲစိပ်ချင်တော့တာအမှန်ပါ…ဆေးသောက်ပီးပျောက်ရပါစေဆုတောင်းနေမယ်” ဆိုပြီးတော့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး သူမရဲ့ ခံစားချက်တွေကိုရေးသားခဲ့တာပဲဖြစ်ပါတယ်။ ကဲ… ‌ခွဲစိတ်ခန်းခဏခဏ၀င်နေရတဲ့ ပြည်တော်ချစ်မင်းသမီးလေး ထက်ထက်မိုးဦးလည်း အမြန်ဆုံးကျန်းမာရေးကောင်းပြီး အရင်လိုပဲ ပရိသတ်တွေနဲ့ တစ်သားတည်းပြန်ဖြစ်လာနိုင်ဖို့ ဆုတောင်‌းပေးလိုက်ကြပါအုန်း ချစ်ပရိသတ်တို့ရေ…

 

Source : Htet Htet Moe Oo
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

 

ပရိသတ္ေတြမသိေသးတဲ့ ေနာက္ကြယ္က က်န္းမာေရးအေျခအေနေတြကိုေျပာျပလိုက္တဲ့ ထက္ထက္မိုးဦး

 

တစ္ေခတ္တစ္ခါက ဒိတ္ဒိတ္ႀကဲေအာင္ျမင္ခဲ့တဲ့ မင္းသမီးတစ္လက္ျဖစ္တဲ့ ထက္ထက္မိုးဦးဟာ အခုတစ္ခါမွာေတာ့ ပရိသတ္ေတြမသိေသးတဲ့ သူမရဲ႕က်န္းမာေရးအေျခအေနေတြအေၾကာင္းကိုေျပာျပခဲ့ပါတယ္။ သူမဟာ စီးပြားေရးကတစ္ဖက္ မိသားစုကတစ္ဖက္နဲ႔မို႔ အရင္လို အႏုပညာအလုပ္ေတြကို အမ်ားႀကီးျပန္မလုပ္ႏိုင္ျဖစ္ေနခဲ့ရတဲ့အျပင္ ခဏခဏ ခြဲခန္း၀င္ေနရတဲ့ က်န္းမာေရးအ‌ေျခေတြေၾကာင့္လည္း စိတ္ညစ္ေနခဲ့ရပါတယ္။

ဒါ‌ေပမယ့္ သူမကိုအားေပးခ်စ္ခင္တဲ့ ပရိသတ္ေတြကေတာ့ နည္းနည္းေလးမွေလ်ာ့မသြားခဲ့ပါဘူးေနာ္ ။သူမကလည္း အလ်ဥ္းသင့္ရင္သင့္သလို အႏုပညာအလုပ္ေလးေတြကို ျပန္လုပ္ေနခဲ့ပါေသးတယ္။ သာယာတဲ့ မိသားစုေလးနဲ႔ သူမကို ခ်စ္ခင္အားေပးေနတဲ့ ပရိသတ္ေတြေၾကာင့္ သူမအားတက္ေနရေပမယ့္ က်န္းမာကခ်ဴခ်ာေနေတာ့ ဘာပဲလုပ္လုပ္ စိတ္သြားတိုင္းကိုယ္မပါဘဲ အၿမဲဂ႐ုစိုက္ေနရပါတယ္။ ဒါေၾကာင့္ သူမရဲ႕ က်န္းမာေရးအေျခအေနနဲ႔ ပတ္သတ္ၿပီး စိတ္ညစ္ေနရတဲ့အေၾကာင္းေတြကို လူမႈစာမ်က္ႏွာေပၚမွာေရးသားထားခဲ့ပါတယ္။

” ဘန္ေကာက္မွာ လည္ပင္းခြဲထားတာ… ခုဘယ္ဘက္မွာ အႀကိတ္ထပ္ေတြ႕ေတာ့မခြဲစိပ္ရပဲေပ်ာက္ရင္ေကာင္းမွာ….ဆုေတာင္းမိပါတယ္ခဏခဏခြဲစိပ္ခန္းထဲဝင္ၿပီး ႏွလုံးခြဲလိုက္ လည္ပင္းခြဲလိုက္ ဗိုက္ကခဏခဏခြဲလိုက္နဲ႔
ဘာမွမလုပ္ခ်င္ေအာင္စိတ္ညစ္မိပါတယ္။ဒီတခါေတာ့မခြဲစိပ္ခ်င္ေတာ့တာအမွန္ပါ…ေဆးေသာက္ပီးေပ်ာက္ရပါေစဆုေတာင္းေနမယ္” ဆိုၿပီးေတာ့ က်န္းမာေရးနဲ႔ ပတ္သတ္ၿပီး သူမရဲ႕ ခံစားခ်က္ေတြကိုေရးသားခဲ့တာပဲျဖစ္ပါတယ္။ ကဲ… ‌ခြဲစိတ္ခန္းခဏခဏ၀င္ေနရတဲ့ ျပည္ေတာ္ခ်စ္မင္းသမီးေလး ထက္ထက္မိုးဦးလည္း အျမန္ဆုံးက်န္းမာေရးေကာင္းၿပီး အရင္လိုပဲ ပရိသတ္ေတြနဲ႔ တစ္သားတည္းျပန္ျဖစ္လာႏိုင္ဖို႔ ဆုေတာင္‌းေပးလိုက္ၾကပါအုန္း ခ်စ္ပရိသတ္တို႔ေရ…