ဒိတ်ဒိတ်ကြဲ အနုပညာရှင် အကိုအမတွေနဲ့ ရောမသမွှေရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲပေးပွဲကိုတက်ရောက်လာတဲ့ ဖြူဖြူထွေး
Posted on
နာမည်ကြီးပြည်တော်ချစ် အနုပညာရှင်တွေနဲ့ မကြာခင်မှာ စတင်ရိုက်ကူးတော့မယ် ရောသမမွှေရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲပေးပွဲကို ဖြူဖြူထွေးတစ်ယောက်ကတော့ ရိုးရိုးယဉ်ယဉ် မြန်မာဖက်ရှင်လေးနဲ့တက်ရောက်လာခဲ့ပါတယ်။ ဒီဇာတ်ကားကြီးမှာသူမကိုယ်တိုင်ပါ၀င်သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အရမ်းလည်း စိတ်လှုပ်ရှားနေရသလို အရမ်းလည်းပျော်နေခဲ့ရပါတယ်။
သူမဟာ အရင်က Tik Tok လေးတွေဆော့ကာ သရုပ်ဆောင်တစ်ယောက်အရမ်းဖြစ်ချင်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူမရဲ့ စိတ်ကူးယဉ်အိမ်မက်တွေဟာ အကောင်အထည်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ အစပိုင်းမှာ ဝေဖန်မှုတွေရှိနေခဲ့ပေမယ့်လည်း ရိုးသားကြိုးစားလွန်းပြီး ပရိသတ်တွေအပေါ်အပြစ်မမြင်တတ်တဲ့ သူမရဲ့ စိတ်ရင်းလေးကြောင့် အားလုံးရဲ့ လက်ခံအားပေးမှုတွေကို ရရှိခဲ့ပါတယ်။ အခုလည်း တကယ့်ဒိတ်ဒိတ်ကြဲ အနုပညာရှင် အကိုအမတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ခွင့်ရခဲ့တဲ့အတွက် အတိုင်းမသိလည်း ၀မ်းသာပီတိဖြစ်နေခဲ့ရပါတယ်။
သူမဟာ ရုပ်ရှင်ကန်တော့ပွဲပေးပွဲက ပုံရိပ်လေး‌အချို့ကို သူမရဲ့ လူမှုစာမျက်နှာပေါ်မှာတင်ထားခဲ့တာပဲဖြစ်ပြီးတော့ ပြည်တော်ချစ် အနုပညာရှင်တွေနဲ့အတူတူသရုပ်ဆောင်ခွင့်ရလို့ အရမ်းပဲပျော်နေပုံပါပဲ။ ရဲရင့်အောင်၊ လွှမ်းပိုင် ၊ ဖွေးဖွေးတို့နဲ့ အတူ ဒီဇာတ်ကားကြီးထဲမှာ ဖြူဖြူထွေးကိုပါတွဲဖက်မြင်တွေရအုန်းမှာဖြစ်လို့ ပရိသတ်တွေအထူးပဲစိတ်၀င်တစားဖြစ်လို့နေခဲ့ကြပါတယ်။ ကဲ…. အနုပညာရှင် အကိုအမတွေနဲ့ ပျော်ရွှင်စွာကန်တော့ပွဲပေးခဲ့တဲ့ ဖြူဖြူထွေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Source : Phyu Phyu Htwe
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။)