ခွဲစိတ်မှုရဲ့ အကျိုးဆက်အနေနဲ့ လက်ရှိမှာ မျက်နှာတစ်ခုလုံး ရောင်ကိုင်းပြည့်ဖောင်းလို့နေတဲ့ ထွန်းအိန္ဒြာဗိုလ်
Posted on
အဆိုတော်လောကမှာကော ရုပ်ရှင်အနုပညာလောကမှာပါ နာမည်တစ်လုံးနဲ့ရပ်တည်နေခဲ့ပြီးတော့ အကယ်ဒမီဆုကြီးကို ထိုက်တန်စွာရရှိထားသူကတော့ မင်းသမီးချော ထွန်းအိန္ဒြာဗိုလ်ပဲဖြစ်ပါတယ်။ သူမဟာ လက်တလောမှာတော့ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘဲ မိသားစုကိုသာ အချိန်ပေးနေခဲ့တာကို တွေ့ရပါတယ်။
အခုအချိန်ထိ အရွယ်တင်နုပျိုဆဲဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ဟာ သူမရဲ့ကျန်းမာရေးနဲ့ အလှအပကိုအရမ်းလည်းဂရုစိုက်တတ်သူတစ်ယောက်ပါ။ အရင်ကတည်းက ပြင်တတ်ဆင်တတ်နဲ့ အသားအရေကိုလည်း ဂရုတစိုက်ထိန်းသိမ်းတတ်သူတစ်‌ေယာက်မို့ သူမရဲ့ ငယ်ရွယ်မှုနဲ့အလှတရားကို ယနေ့ထက်တိုင် တွေ့မြင့်နိုင်ပါတယ်နော်။ အခုတစ်ခါမှာလည်း သူမရဲ့ မျက်နှာလေးကို Deep Skincareလုပ်တဲ့အနေနဲ့ ခွဲစိတ်မှု‌အသေးစားလေးကိုပြုလုပ်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံက Banobagi Plastic Surgery Clinicမှာ သွားရောက်ခွဲစိတ်ခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာ ရလဒ်အနေနဲ့ကတော့ မျက်နှာတစ်ခုလံုး အနည်းငယ်ရောင်ကိုင်းနေခဲ့တာပဲဖြစ်ပါတယ်။ ” မျက်နှာတွေ ရောင် နေတုန်းပဲရှင့်… Complete result က ၆လ ပြည့်မှ ရ မှာပါ တဲ့… ၁ လ ပြည့်ရင်တော့ make up လိမ်းလို့ ရ ပါပြီ… မျက်ရစ်တွေ ကတော့ အရောင်ဆုံး ပါပဲ…” ဆိုပြီးတော့ သူမကိုစိတ်ပူနေကြတဲ့ ပရိသတ်တွေကို ပြောပြထားခဲ့ပါတယ်။ တစ်လအတွင်းမှာ သူမမျက်နှာက အရောင်တစ်ဖြည်းဖြည်းနဲ့ကျသွားမှာဖြစ်တဲ့အတွက် ပရိသတ်တို့လည်းအရမ်းစိတ်မပူမိကြစေဖို့ ဆန္ဒပြုရင်း မျက်နှာ ခွဲစိတ်လိုက်ပြီးပြီ ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့ ပုံရိပ်လေးတွေကိုမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။
Source : Mi Mi Khine
Steven : CeleZone
(Zawgyiဖြင့်ဖတ်ရန်။)