မွေးနေ့ရှင်ခင်သဇင်ကို မျက်ရည်ပေါက်ကြီးငယ်ကျအောင်ထိ Surprise လုပ်ပေးခဲ့ကြတဲ့ Now & Ever အဖွဲ့သားတွေ
Posted on
လက်ရှိရုံတင်ပြသနေတဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ခင်သဇင်တစ်ယောက် သူမရဲ့ မွေးနေ့လေးမှာ အဖွဲ့သားအားလုံးက သူမပျော်ရွှင်ဝမ်းသာသွားအောင် Birthday Surprise လေးလုပ်ပေးခဲ့ကြတာပဲဖြစ်ပါ တယ်။ သူမရဲ့ဘဝမှာ Surprise တွေလည်း သိပ် မရဖူးသလို Surprise ကြောင့်လည်း ငိုတာမရှိသလောက်ပါပဲလို့ဆိုပါ တယ်။ ဒီပွဲလေးကတော့ သူမအတွက် မျက်ရည်ကျလောက်အောင်ကြည်နူးပျော်ရွှင်ခဲ့ရတဲ့ပွဲလေးဖြစ်ခဲ့ပါတယ်။
သူမရောက်လာတဲ့အချိန်မှာ အားလုံးပြိုင်တူ Birthday Song လေးဆိုလိုက်တော့ ခင်သဇင်တစ်ယောက် မျက်ရည်မဆည် နိုင်ဖြစ်ခဲ့ရပြီး ဝမ်းသာကြည်နူးခဲ့ရပါတယ်။ ဒီလိုပျော်စရာ အခိုက်အတန့်လေးတွေကိုဖန်တီးပေးတဲ့ အဖွဲ့သားတွေအားလုံးကို လည်း သူမကကျေးဇူးတင်ပြီး အရမ်းချစ်ကြောင်း လူမှုကွန်ယက်ကနေတဆင့်ပြောခဲ့ပါသေးတယ်။
” မနေ့က မွေးနေ့ရှင် ငိုအောင် Surprise တိုက်နိုင် ကြတဲ့ Now and Ever တဖွဲ့လုံးကို ကျေးဇူးလည်းတင် အရမ်းလည်း ချစ်ပါတယ် လုံးဝ မထင်ထားတာမို့ Happy Birthday song အားလုံးက စဆို လိုက်တဲ့ အချိန်မှာ အံ့အားသင့်သွားပြီး မျက်ရည်တွေ အဆက်မပြတ်ကျလာပါရော မှတ်မိသလောက် ဘဝမှာ Surprise ဖြစ်လို့ ငိုတာ မရှိသလောက်ပါပဲ မွေးနေ့တွေမှာဆို တခါမှ Surprise ဖြစ်ပြီး မငိုဖူးခဲ့တာပါ ဒီနှစ်လေးကတော့ ဘဝရဲ့ အမှတ်တရနေ့လေးတွေထဲက တစ်နေ့ပါပဲ ချစ် ခြင်း မေတ္တာတွေကြောင့် ဝမ်းသာခဲ့ရလို့ ဒီနှစ် မွေးနေ့လေးကိုတော့ မေ့မရနိုင်တော့ပါဘူး ” ဆိုပြီး အမှတ်တရလေးတွေကို ဝေမျှလိုက်တာပဲဖြစ်ပါတယ်။
Photo – Khin Thazin
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Now & Ever အဖွဲ့သားတွေ ”
” မနေ့က မွေးနေ့ရှင် ငိုအောင် Surprise တိုက်နိုင် ကြတဲ့ Now and Ever တဖွဲ့လုံးကို ကျေးဇူးလည်းတင် အရမ်းလည်း ချစ်ပါ တယ် လုံးဝမထင်ထားတာမို့ Happy Birthday song အားလုံးက စဆို လိုက်တဲ့ အချိန်မှာ အံ့အားသင့်သွားပြီး မျက်ရည်တွေ အဆက်မပြတ်ကျလာပါရော မှတ်မိသလောက် ဘဝမှာ Surprise ဖြစ်လို့ ငိုတာ မရှိသလောက်ပါပဲ မွေးနေ့တွေမှာဆို တခါမှ Surprise ဖြစ်ပြီး မငိုဖူးခဲ့တာပါ ဒီနှစ်လေးကတော့ ဘဝရဲ့ အမှတ်တရနေ့လေးတွေထဲက တစ်နေ့ပါပဲ ချစ်ခြင်းမေတ္တာတွေေ ကြာင့် ဝမ်းသာခဲ့ရလို့ ဒီနှစ် မွေးနေ့လေးကိုတော့ မေ့မရနိုင်တော့ပါဘူး ” ဆိုပြီး အမှတ်တရလေးတွေကို ဝေမျှလိုက်တာပဲဖြစ်ပါ တယ်။
Photo – Khin Thazin
Happy – Cele Zone