Sinon ရဲ့ ဆယ်လက်မဒေါက်ဖိနပ်စီးပြီး လမ်းလျှောက်တာကွတတဖြစ်နေရတဲ့ ဖြူဖြူထွေးရဲ့ Video

Posted on

နဂိုကတည်းကပျော်ပျော်နေတတ်ပြီး ဟာသတွေပြောတတ်တာကြောင့် နာမည်ကျော်နေတဲ့ ဖြူဖြူထွေးတစ်ယောက် ဖိလစ်ပိုင်ရဲ့ Model King တစ်ယောက်ဖြစ်တဲ့ Sinon စီးနေကျ ဆယ်လက်မဒေါက်ဖိနပ်ကိုစီးပြီး Sinon ရဲ့ နှုတ်ဆက်ပုံ လေးအတိုင်း ” မင်္ဂလာပါမြန်မာ ” ဆိုပြီး အသံနေ အသံထားနဲ့နှုတ်ဆက်နေတဲ့ Video လေးကိုတော့ ပရိသတ်တွေ တော်တော်လေး သဘောကျခဲ့တာပဲဖြစ်ပါတယ်။

ရိုးသားပွင့်လင်းတဲ့ဖြူဖြူထွေးနဲ့ စိတ်ထားကောင်းပြီးကူညီတတ်တဲ့ Sinon တို့နှစ်ယောက်သား ဆယ်လက်မဒေါက်မြင့်ဖိနပ် ကိုစီးပြီး Pose လုပ်နေပုံက တကယ်ကိုချစ်ဖို့ကောင်းပါတယ်။ ဖြူဖြူတစ်ယောက် တစ်ခါမှမစီးဖူးတဲ့ ဆယ်လက်မဒေါက်မြင့် ဖိနပ်ကြောင့် လမ်းတောင်ဖြောင့်ဖြောင့် မလျှောက်နိုင်တော့ပဲ ကွတတဖြစ်ရတဲ့အထိပါပဲ။

အများဆုံးခြောက်လက်မဒေါက်လောက်သာစီးကြတဲ့မိန်းကလေးတွေအဖို့ ဆယ်လက်မမြင့်တဲ့ ဒေါက်မြင့်ဖိနပ်ကိုစီးဖို့ဆိုတာ Challenge တစ်ခုလိုပါပဲ။ ဖြူဖြူထွေးကတော့ အမဖြစ်သူသေချာစီးပေးတဲ့ဖိနပ်ကိုဝတ်ပြီး ကွတတဖြစ်နေပုံက တကယ့်ကို ရယ်ချင်စရာပါ။ ဒီလိုကွတတဖြစ်နေပုံလေးနဲ့ပဲ ” မင်္ဂလာပါမြန်မာ ” လို့နှုတ်ဆက်ခဲ့ပါသေးတယ်။

Video / Photo – Phyu Phyu Htwe
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone