Halloween Night မှာ အပြတ်ကဲနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်တစ်ချို့
Posted on
Sexy Actress အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေတဲ့ သင်ဇာဝင့်ကျော် တစ်ယောက် ပြီးခဲ့တဲ့ Halloween Night မှာ အပြတ်တွေကဲနေတဲ့ပုံရိပ်တစ်ချို့ကို သူမရဲ့လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အရမ်းကိုမိမိုက်နေတဲ့ Sexy Bunny မလေးရဲ့ အကြွေစင် Fashion ကတော့ ပြောစရာမလိုအောင်ကို ပြီးပြည့်စုံပြီး လှလွန်း နေခဲ့ပါတယ်။
ကောက်ကြောင်းလှတဲ့သူမက ဘယ်လိုအဝတ်အစားအပြင်ဆင်မျိုးမဆိုလိုက်ဖက်လွန်းနေပြီး ပုရိသတို့ရဲ့အိပ်မက်မင်းသမီး လေးဖြစ်လို့နေပါတယ်။ ရင်ခုန်ချင်စရာအနက်ရောင်ဝတ်စုံလေးက သူမရဲ့လှလှပပ ခန္ဓာကိုယ်လေးထက်မှာ အကျအန နေရာယူထားပြီး သူမရဲ့လှပမှုတွေကို ပိုပြီးပင့်တင်ပေးနေသလိုပါပဲ။
ပွဲတက်ဝတ်စုံတိုင်းကို ပရိသတ်တွေစိတ်ဝင်စားအောင် ဝတ်ဆင်နိုင်စွမ်းရှိတဲ့သင်ဇာတစ်ယောက် ဒီညမှာလည်း တကယ့်ကိုအလန်းစားပါပဲ။ အသက်တွေဘယ်လောက်ပဲရရ သူမရဲ့အလှတွေကတော့ ပိုပိုပြီးတိုးလာလို့နေပါတယ်။ အရမ်းတွေလန်းပြီး မိမိုက်နေတဲ့ သင်ဇာ့ရဲ့ Halloween Night Party က အမိုက်စားပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် တယ်နော်။
Photo – Thinzar Wint Kyaw
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone