ချစ်စနိုးဦးရဲ့မင်္ဂလာပွဲကို အတူတူတက်ရောက်လာခဲ့ကြတဲ့ ဟိန်းဝေယံတို့မောင်နှမနှစ်ယောက်

Posted on

အနုပညာလောကမှာဆယ်စုနှစ်တစ်ခုစာလောက်ရပ်တည်လာခဲ့တဲ့ လူပျိုကြီးဟိန်းဝေယံ တစ်ယောက် ညီမလေးနဲ့အတူတူ ချစ်စနိုးဦးရဲ့မင်္ဂလာပွဲကိုတက်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ညီမလေးနဲ့ ခန့်ချောကြီးအကိုတို့ နှစ်ယောက် သားရဲ့ ပုံရိပ်တွေဟာ ပရိသတ် တွေကြားမှာအတော်လေးရေပန်းစားနေခဲ့ပါတယ်။

အသက်သုံးဆယ်ကျော်အရွယ်ဖြစ်ပေမယ့် လူငယ်လေးတစ်ယောက်လို သန့်နေချောနေဆဲ ဟိန်းဝေယံကတော့ ပျိုပျိုမေတို့ ကြားမှာ လက်ရှိအချိန်ထိရေပန်းစားနေဆဲပါပဲ။ ဘမျိုးဘိုးတူ ညီမချောလေးရဲ့ပုံရိပ်တွေကြောင့် အခုဆိုရင်တော့ ဟိန်းဝေယံ တစ်ယောက် အားလုံးက ယောက်ဖလို့ဝိုင်းစတာ ခံနေရပါပြီ။

အနက်ရောင်အနောက်တိုင်းဝတ်စုံလေးကို ကြက်သွေးရောင်အဖျော့ကုတ်အင်္ကျီလေးနဲ့ တွဲဖက် ဝတ်ဆင်ထားတဲ့အကိုဖြစ်သူ ဟိန်းဝေယံနဲ့ အနက်ရောင် Evening Grown လေးနဲ့ ပွဲတက်လာတဲ့ ညီမလေးတို့နှစ်ယောက်သားရဲ့ပုံရိပ်လေးတွေက တကယ့်ကို ကြည့်ကောင်းလွန်းနေခဲ့ပါတယ်။ အမိုက်စားဒီဇိုင်းနဲ့ပွဲတက်လာခဲ့တဲ့ မောင်နှမနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေး လိုက်ပြီနော်။

Photo – Hein Wai Yan
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Hein Wai Yan
Happy – Cele Zone