တိမ်ပင်လယ်ထဲကို သွားခဲ့ရတဲ့ စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံလေးတွေကို ပြောပြခဲ့တဲ့ ‌မအေးသောင်း

Posted on

မအေးသောင်းဆိုပြီးတော့ အနုပညာလောကထဲကိုတစ်ကျော့ပြန်ဝင်ရောက်လို့လာခဲ့တဲ့ မင်းသမီးချောလေးအေးဝတ်ရည်သောင်းဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကိုအခိုင်အမာရရှိထားခဲ့ပါတယ်။ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ သူမရဲ့စေတနာပါတဲ့ ကြိုးစားမှုတွေက သူမကို အနုပညာလောကထဲမှာနာမည်တစ်လုံးနဲ့ရပ်တည်စေနိုင်ခဲ့တာပဲဖြစ်ပါတယ်။

 

သူမဟာ လွတ်လွတ်လပ်လပ်နေရတာကိုသဘောကျပြီးတော့ ခရီးလေးတွေထွက်ပြီးအပန်းဖြေရတာကိုလည်းနှစ်သက်သူတစ်ယောက်ပါ။ ဒါကြောင့်လည်း မကြာခဏဆိုသလို ခရီးလေးတွေထွက်တတ်ပြီးတော့ ခရီးသွားပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလေ့ရှိပါတယ်။ အခုတစ်ခါမှာလည်း လားရှိုး နောင်ချိုဘက်က တိမ်ပင်လယ်ဆိုတဲ့နေရာလေးကို အရောက်သွားခဲ့ပြီး သူမရဲ့ ခရီးသွားအတွေ့အကြုံလေးတွေကို ပြောပြထားခဲ့ပြန်ပါတယ်။

 

” တိမ်ပင်လယ် တဲ့ မန္တလေးကနေ ၃ နာရီလောက်ပဲသွားရတဲ့ နောင်ချိုမြို့ နောင်ချိကြီးရွာလေးမှာပါ။မနက် ၅ နာရီကျော်ကျော်လောက် ထကြည့်ခဲ့တာ ၇:၃၀ ထိအရမ်းကိုလှတာပဲ။လမ်းမှာ ကြံခင်းတွေကြားထဲကဖြတ်ရတယ် ပြောင်းခင်းတွေလည်းအများကြီး စပါးခင်းတွေက ခုချိန်ဆိုစိမ်းနေတာပဲ။ မျက်စိတဆုံးပဲ။ လေအနံ့ကလေး ကလည်း တလမ်းလံုးသင်းနေတာပဲ။ တကယ်ကိုစိတ်ကြည်နူးစရာပါပဲ။ ကမ်းပါးနား တွေလည်းသွားခဲ့တယ်။ ရေအိုင်အထိကိုလည်းရောက်ခဲ့တယ်ရှင့်။ “ဆိုပြီးတော့ ခရီသွားအတွေ့အကြုံလေးတွေနဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုစာမျက်နှာလေးပေါ်မှာတင်ပေးထားခဲ့တာပဲဖြစ်ပါတယ်။ ကဲ… တိမ်တွေနဲ့ ၀န်းရံလို့နေတဲ့ အေးချမ်းလှတဲ့နေရာလေးမှာ အပျော်ကြီးပျော်နေတဲ့ အေးသောင်းရဲ့ ပုံရိပ်လှလှလေးတွေကို CeleZoneပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

 

 

Source : Aye Thaung
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

 

တိမ္ပင္လယ္ထဲကို သြားခဲ့ရတဲ့ စိတ္လႈပ္ရွားဖြယ္အေတြ႕အႀကဳံေလးေတြကို ေျပာျပခဲ့တဲ့ ‌မေအးေသာင္း

 


မေအးေသာင္းဆိုၿပီးေတာ့ အႏုပညာေလာကထဲကိုတစ္ေက်ာ့ျပန္ဝင္ေရာက္လို႔လာခဲ့တဲ့ မင္းသမီးေခ်ာေလးေအးဝတ္ရည္ေသာင္းဟာ ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက ပရိသတ္ေတြရဲ႕ အားေပးမႈကိုအခိုင္အမာရရွိထားခဲ့ပါတယ္။ ပီျပင္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔ သူမရဲ႕ေစတနာပါတဲ့ ႀကိဳးစားမႈေတြက သူမကို အႏုပညာေလာကထဲမွာနာမည္တစ္လုံးနဲ႔ရပ္တည္ေစႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

သူမဟာ လြတ္လြတ္လပ္လပ္ေနရတာကိုသေဘာက်ၿပီးေတာ့ ခရီးေလးေတြထြက္ၿပီးအပန္းေျဖရတာကိုလည္းႏွစ္သက္သူတစ္ေယာက္ပါ။ ဒါေၾကာင့္လည္း မၾကာခဏဆိုသလို ခရီးေလးေတြထြက္တတ္ၿပီးေတာ့ ခရီးသြားပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္မွ်ေဝေပးေလ့ရွိပါတယ္။ အခုတစ္ခါမွာလည္း လားရႈိး ေနာင္ခ်ိဳဘက္က တိမ္ပင္လယ္ဆိုတဲ့ေနရာေလးကို အေရာက္သြားခဲ့ၿပီး သူမရဲ႕ ခရီးသြားအေတြ႕အႀကဳံေလးေတြကို ေျပာျပထားခဲ့ျပန္ပါတယ္။

” တိမ္ပင္လယ္ တဲ့ မႏၲေလးကေန ၃ နာရီေလာက္ပဲသြားရတဲ့ ေနာင္ခ်ိဳၿမိဳ႕ ေနာင္ခ်ိႀကီး႐ြာေလးမွာပါ။မနက္ ၅ နာရီေက်ာ္ေက်ာ္ေလာက္ ထၾကည့္ခဲ့တာ ၇:၃၀ ထိအရမ္းကိုလွတာပဲ။လမ္းမွာ ႀကံခင္းေတြၾကားထဲကျဖတ္ရတယ္ ေျပာင္းခင္းေတြလည္းအမ်ားႀကီး စပါးခင္းေတြက ခုခ်ိန္ဆိုစိမ္းေနတာပဲ။ မ်က္စိတဆုံးပဲ။ ေလအနံ႔ကေလး ကလည္း တလမ္းလံုးသင္းေနတာပဲ။ တကယ္ကိုစိတ္ၾကည္ႏူးစရာပါပဲ။ ကမ္းပါးနား ေတြလည္းသြားခဲ့တယ္။ ေရအိုင္အထိကိုလည္းေရာက္ခဲ့တယ္ရွင့္။ “ဆိုၿပီးေတာ့ ခရီသြားအေတြ႕အႀကဳံေလးေတြနဲ႔ ပုံရိပ္ေလးေတြကို သူမရဲ႕ လူမႈစာမ်က္ႏွာေလးေပၚမွာတင္ေပးထားခဲ့တာပဲျဖစ္ပါတယ္။ ကဲ… တိမ္ေတြနဲ႔ ၀န္းရံလို႔ေနတဲ့ ေအးခ်မ္းလွတဲ့ေနရာေလးမွာ အေပ်ာ္ႀကီးေပ်ာ္ေနတဲ့ ေအးေသာင္းရဲ႕ ပုံရိပ္လွလွေလးေတြကို CeleZoneပရိသတ္ေတြအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။