နှစ်ယောက်အတူ TV ကြည့်ရင်း ပျော်ပျော်ရွှင်ရွှင်ကစားနေကြတဲ့ သားနဲ့သမီးရဲ့ ဗီဒီယိုလေးတွေကို ဝေမျှလိုက်တဲ့ မေမေသဉ္ဇာနွယ်ဝင်း

သားလေးနဲ့သမီးလေးတို့ရဲ့မေမေအဖြစ်နဲ့ သူမရဲ့အိမ်ထောင်ရှင်ဘဝမှာ ကျေနပ်ပျော်ရွှင်နေတဲ့ မေမေသဉ္ဇာနွယ်ဝင်းတစ်ယောက် သားနဲ့သမီး TV အတူကြည့်ရင်း ပျော်ပျော်ရွှင်ရွှင်ကစားနေကြတဲ့ ဗီဒီယိုလေးကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ သားသမီးတွေရဲ့ ရယ်မောခြင်းနဲ့ ပျော်ရွှင်ခြင်းတွေဟာ မိဘတွေအတွက်တော့ အမောပြေဆေးလေးတွေပါပဲ။

သမီးလေးနာမည်နဲ့ ကိုယ်ပိုင်အထည် Brand တစ်ခုကိုထုတ်ထားခဲ့ပြီးနောက် အားပေးသူတွေလည်း အများအပြားရှိလာခဲ့ပါတယ်။ အရမ်းကိုသဘောကျခဲ့ရတဲ့ ကျူလစ်ပန်းရဲ့နာမည်ကို သမီးလေးကိုပေးခဲ့သလို ဒီနာမည်လေးနဲ့ပဲ ညဝတ်အင်္ကျီလေးတွေ ထုတ်ခဲ့တာပါ။ အရင်ကလိုအနုပညာအလုပ်တွေ အများကြီးမလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေက သူမကိုချစ်ခင်နေဆဲပါပဲ။

ဒီနေ့မှာလည်း သားနဲ့သမီးနှစ်ယောက်အတူ ပျော်ပျော်ရွှင်ရွှင်ကစားနေတဲ့ ဗီဒီယိုလေးကို ” အဖွဲ့ကျနေတာ သားနဲ့သမီးက တီဗီကတပ်တာနေရာမှားသွားတယ် ခဏပဲကလေးတွေကိုပြတာနော် အရမ်းနီးနေတယ်ဆိုပြီးစိုးရိမ်ကြမှာစိုးလို့ ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာကလေးလေးတွေရဲ့ ပျော်ရွှင်နေတဲ့ အမှတ်တရလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Happy – Cele Zone
Photo – Thinzar Nwe Win

error: Content is protected !!