ကာရိုက်တာနဲ့အံဝင်ခွင်ကျဖြစ်ဖို့ ကိုယ်တိုင်ဆိုက်ကားနင်းနေတဲ့ အိချောပို
Posted on
အမိုက်စား Body လေးနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားနိုင်တဲ့ အိချောပိုကတော့ ရိုက်ကွင်းပေါ်မှာ ဆိုက်ကားနင်းသင်နေတဲ့ Video လေးကို ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ လှပလွန်းတဲ့ကောက်ကြောင်းတွေကြောင့် ပုရိသတို ရဲ့ဝန်းရံမှုကို အပြည့်ဝရရှိထားတဲ့ စူစူကတော့ အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေတာ အချိန်တစ်ခုထိ ကြာမြင့် ခဲ့ပြီဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းမှာ ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့သူတစ်ယောက်ပါပဲ။
ဒီတစ်ခေါက်မှာလည်း ရိုက်ကွင်းပေါ်မှာ သူမဆိုက်ကားနင်းနေတဲ့ Video လေးကို ” You တို့ကို တင်နင်းဖို့ စူဆိုက်ကားနင်း သင်နေတယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ လှတဲ့သူတွေများ ဘယ်လိုနေနေကိုလှနေတော့တာပဲနော်။ အနုပညာရှင် ဆိုတော့လည်း ဆေးစက်ကျရာအရုပ်ထင်ဖို့ သေချာလေ့ကျင့်နေတာပဲဖြစ်ပါတယ်။
ရိုက်ကွင်းပေါ်မှာသေချာပီပြင်ဖို့အတွက် ဆိုက်ကားပေါ်မှာလူတင်ပြီး အနောက်ကသင်ပေးသူ တစ်ယောက်နဲ့စီးနေတာပဲဖြစ်ပါ တယ်။ စူစူတစ်ယောက် ဒီလိုလေးဆိုက်ကားနင်းနေတာကို သဘောတကျဖြစ်နေပုံပါပဲ။ ခပ်ပြုံးပြုံးလေးဆိုက်ကားနင်းနေတဲ့ စူစူ့ရဲ့ Video လေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။
Video / Photo – Ei Chaw Po
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Video / Photo – Ei Chaw Po
Happy – Cele Zone