ပါးစပ်မပိတ်နိုင်လောက်အောင်ရယ်နေရတဲ့ သုသုရဲ့ ဟာသ Video အသစ်

Posted on

အလှဖန်တီးရှင်တစ်ယောက်ဖြစ်တဲ့ သုသုကတော့ ပရိသတ်တွေကိုပျော်ရွှင်ရအောင် ဟာသ Video လေးတွေနဲ့ အမြဲဖျော်ဖြေ တတ်သူတစ်ယောက်ပါ။ သူမရဲ့ Video လေးတွေဟာလည်း ပရိသတ်တွေကြားမှာအတော်လေးရေပန်းစားပြီး အောင်မြင်ခဲ့ပါ တယ်။ ဒီတစ်ခေါက်မှာလည်း ယောကျာ်းနှစ်ယောက်က သူမကိုဆွဲလားရမ်းလားလုပ်တဲ့အချိန်မှာ သူမကိုယ်တိုင်က ပြန်ပြီး လက်ဆွဲခေါ်သွားတဲ့ပုံစံလေး ဖန်တီးထားတာပဲဖြစ်ပါတယ်။

ပျော်ပျော်နေတတ်ပြီး ပရိသတ်တွေကိုလည်းရယ်မောရအောင်အမြဲဖန်တီးပေးလေ့ရှိတဲ့ သုသုကိုလည်း ပရိသတ်တွေက တော်တော်လေးချစ်ခင်အားပေးခဲ့ကြပါတယ်။ ဒီ Video လေးဟာ တင်ပြီးသိပ်မကြာခင်မှာပဲ လူတစ်သိန်းကျော် ဝင်ရောက် ကြည့်ရှုခဲ့ပြီး သူမကိုလည်းချစ်ခင်ကြတဲ့ မှတ်ချက်လေးတွေပေးခဲ့ကြပါတယ်။ ချစ်ဖို့ကောင်းတော့ချစ်တာပေါ့နော်။

Video လေးကို ” အားနွဲ့သူပါရှင် ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ တကယ်တမ်းအားနွဲ့သွားတာ က သုသုမဟုတ်ပဲ ဆွဲလား ရမ်းလားလုပ်တဲ့အမျိုးသားနှစ်ယောက်ဖြစ်နေတာတော့ ရယ်ချင်စရာပါ နော်။ ချစ်ဖို့ကောင်းတဲ့သုသုရဲ့ ဟန်ပါပါ သရုပ်ဆောင် ချက်လေးတွေကို Cele Zone ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Video / Photo – Nyi Nyi Maung
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone