ဗိုက်ကြီးသည်ပုံစံကြီးလုပ်ကာ မြူးကြွတဲ့သံစဉ်တွေနဲ့ အခွီတွေခုန်ပေါက်ကခုန်နေတဲ့ ဖြူဖြူထွေးရဲ့ဟာသဗီဒီယိုဖိုင်လေး

အခုနောက်ပိုင်း လူမှုကွန်ယက် စာမျက်နှာပေါ်မှာ မသိသူမရှိလောက်အောင် အောင်မြင်မှုတွေရရှိထားတဲ့ ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင် စိတ်သဘောထားကောင်းပြီး အလှူတန်း ရက်ရောသူလေး ဖြစ်ပါတယ်… ။ ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ အနုပညာလောကမှာ နေရာတစ်နေရာရရှိအောင် ကြိုးစားခဲ့တဲ့ ဖြူဖြူထွေးက အခုဆိုရင် အားလုံးရဲ့အသိအမှတ်ပြုခြင်းခံထားရပြီ ဖြစ်ပါတယ်… ။ မိဘအပေါ်မှာ သိတတ်လိမ္မာတဲ့ ဖြူဖြူထွေးက တစ်နေ့တစ်ခြားပိုမိုအောင်မြင်လာတာလည်း ဖြစ်ပါတယ်…. ။

သူမရရှိတဲ့ အနုပညာကြေးလေးတွေကိုလည်း မကြာခဏဆိုသလို လိုအပ်သူတွေကို တတ်နိုင်သလောက် လှူဒါန်းလေ့ရှိသူလေးလည်းဖြစ်ပါတယ်….။ ဒါ့အပြင် သူမရဲ့ပင်ကိုယ်ဟာသစွမ်းရည်နဲ့ အကဗီဒီယိုလေးတွေကြောင့်လည်း လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ပိုမိုရေပန်းစားလူကြိုက်များလာကာ ပရိသတ်အခိုင်မာရရှိထားတာပါ …။

လတ်တလောမှာလည်း ဗိုက်ကြီးသည်ပုံစံကြီးလုပ်ကာ မြူးကြွတဲ့သံစဉ်တွေနဲ့အပီအပြင်ကခုန်နေတဲ့ ဗီဒီယိုလေးကိုဖော်ပြထားပါတယ်။ဗီဒီယိုလေးဟာ ရယ်မောရလွန်းတာကြောင့် ကြည့်ရှုသူတွေများပြားခဲ့တာလည်းဖြစ်ပါတယ်။ သူရဲ့ဟာသဗီဒီယိုလေးတွေဟာကြည့်ရှုသူတွေကို အမြဲလိုလို ရယ်မောပျော်ရွှင်စေခဲ့တာအမှန်ပါပဲနော် ။ပရိသတ်ကြီးအတွက်ဖြူဖြူထွေးရဲ့ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါရစေ။

Yuan – Cele Zone

Photo – Phyu Phyu Htwe