စအိုပေါက်မပါလို့ ဗိုက်ဖောက်ပြီးအိတ်နဲ့ နေနေရတဲ့ (၃)လသားကလေးအတွက် ခွဲစိတ်ကုသစရိတ်ကူညီလိုက်တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ပရဟိတလုပ်ငန်းတွေကို ကိုယ်ကျိုးစွန်ကာ ပြုလုပ်နေခဲ့တာကို ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။ ဒီနေ့မှာလည်း ခိုင်နှင်းဝေက စအိုပေါက်မပါလို့ ဗိုက်ဖောက်ပြီး အိတ်နဲ့ နေနေရတဲ့ (၃)လအရွယ်ကလေးငယ်လေးအတွက် လိုအပ်နေတဲ့ ဆေးကုသစရိတ်ကို လှူဒါန်းကူညီပေးခဲ့ပါတယ်။

ကလေးငယ်လေးကတော့ လက်ရှိမှာ စအိုဖောက်ဖောက်ပြီး ဗိုက်ပြန်ပိတ်ဖို့ အတွက် ဆေးရုံတက်ကာ ခွဲစိတ်ကုသမှုခံယူရမှာဖြစ်ပြီး မိဘတွေက ငွေကြေးမတက်နိုင်တာကြောင့် ခိုင်နှင်းဝေထံကို အကူအညီတောင်းခံလာခဲ့တာပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကလည်း ဆေးကုသစရိတ်ကို လှူဒါန်းပေးခဲ့ပြီး အခုလှူဒါန်းတဲ့ အလှူငွေတွေက သူရဲ့ပရဟိတ အလှူတွေမှာ သူရဲ့ လုပ်အားခများ ၊ ရပ်နီး ရပ်ဝေး အလှူရှင်များ စုပေါင်းထားသော ကုသိုလ် အလှူများ ဖြစ်တာကြောင့် ခုနှစ်ရက်သား သမီးများ ကုသိုလ်ပွားစေရန် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့တာပါ။

CeleZone ပရိသတ်ကြီးတွေလည်း ခိုင်းနှင်းဝေရဲ့ မွန်မြတ်လှတဲ့ အလှူဒါနလေးကို ဝမ်းမြောက်ဝမ်းသာန့ သာဓုခေါ်ဆိုနိုင်စေဖို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ ခိုင်နှင်းဝေက ပြန်ခါနီး သူ့ရဲ့လက်လေး ဆွဲထားသော သားလေးနဲ့ ငိုနေသော မိခင်တို့ကို ကြည့်ပီး သူတတ်နိုင်သလောက် ကောင်းမှုတွေကို ပိုမိုပြုလုပ်နိုင်ဖို့ ကြိုးစားမိပါသေးတယ်တဲ့။

Chilli – CeleZone
Source – Khine Hnin Wai