ဒီနေ့မှာ အသက် (၆၂)နှစ်ပြည့်မြောက်သွားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် ငြိမ်းချမ်း

ပရိသတ်ကြီးရေ ဒီနေ့ ဒီဇင်ဘာလ( ၁၇)ရက်နေ့လေးကတော့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စရာတွေနဲ့ အမြဲပျော်ရွှင်ရအောင် ဖန်တီးပေးတတ်တဲ့ ပရိသတ်အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် ဦးငြိမ်းကတော့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပါ။ ဒီနေ့မွေးနေ့ရက်လေးမှာတော့ ဦးငြိမ်းချမ်းက အသက် (၆၂)နှစ်ပြည့်မြောက်သွားခဲ့တာပါ။

ဦးငြိမ်းချမ်းကတော့ လူရွှင်တော်တစ်ယောက်အနေနဲ့ရော သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပါ ပရိသတ်တွေကို ပျော်ရွှင်အောင် ဟာဒယရွှင်ဆေးတွေတိုက်ကျွေးခဲ့တာကြောင့် ပရိသတ်တွေ အချစ်ပို အားပေးနေရတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒီနေ့မှာကျရောက်တဲ့ မွေးနေ့ရက်လေးအတွက်ကိုလည်း လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေနဲ့ ပရိသတ်တွေက မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးနေကြပါသေးတယ်။

Happy Birthday ပါ ဦးငြိမ်းချမ်းရေ။ အသက်ရှည်ကျန်းမာချမ်းသာစွာနဲ့ ပရိသတ်တွေကို ဟာဒယရွှင်ဆေးတွေ ထပ်မံတိုက်ကျွေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ CeleZone ပရိသတ်ကြီးတွေကလည်း ဦးငြိမ်းချမ်းရဲ့ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။

Chilli – CeleZone
Photo Credit from Nyein Chan