မွေးနေ့အထိမ်းအမှတ်အလှူအဖြစ် နှစ်ဦးဓမ္မသဘင် တရားပွဲအလှူကြီးမှာ ပါဝင်လှူဒါန်းပေးလိုက်တဲ့ ဒေါ်ဝါဝါဝင်းရွှေ

ပရိသတ်ကြီးရေ ဒေါ်ဝါဝါဝင်းရွှေကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ဝါရင့်အကယ်ဒမီဆုရ မင်းသမီးကြီးပဲဖြစ်ပါတယ်။ လက်ရှိအချိန်အထိကို ဒါရိုက်တာ ထုတ်လုပ်သူတစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲပါ။ ဒေါ်ဝါဝါဝင်းရွှေကတော့ အလှူအတန်းတွေကိုလည်း အခါအခွင့်သင့်ရင်သင့်သလို ပြုလုပ်နေခဲ့ပြီး

လာမယ့် ဒီဇင်ဘာလ (၃၀)ရက်နေ့မှာကျရောက်မယ့် သူ့ရဲ့မွေးနေ့အတွက်ကိုလည်း မွေးနေ့အထိမ်းအမှတ် အလှူအနေနဲ့ တရားဓမ္မအလှူတစ်ခုမှာ တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးလိုက်ပြန်ပါတယ်။ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ နှစ်ဦးဓမ္မသဘင်ပွဲကြီးကို ကိုဗစ်ကပ်ရောဂါကျရောက်နေတဲ့ ဒီနှစ်မှာလည်း Online စနစ်နဲ့ Live လွှင့်ပြီး ဇန်နဝါရီလ (၁)ရက်နေ့ကနေ (၇)ရက်နေ့အထိကျင်းပမှာဖြစ်ပြီး တရားပွဲဖြစ်မြောက်ရေးအတွက် ဒေါ်ဝါဝါဝင်းရွှေက အလှူငွေ (၁၀)သိန်းတိတိကို လှူဒါန်းပေးသွားမှာပဲဖြစ်ပါတယ်။

နောက်ထပ်လည်း မွေးနေ့အထိမ်းအမှတ်အလှူအနေနဲ့ မဟာ လောက မာရဇိန် ထန်းဘုရားကြီးရဲ့ မျက်နှာတော်အား ရွှေ စင် ရွှေ သားစစ်စစ်ဖြင့် ရွှေသင်္ကန်း ကပ်လှူ ရန် ငွေ ကျပ် (၃) သိန်းအားလှူဒါန်းခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ဒေါ်ဝါဝါဝင်းရွှေရဲ့ မွေးနေ့အလှူအဖြစ်လှူဒါန်းတဲ့ မွန်မြတ်လှတဲ့ အလှူတွေကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Chilli – CeleZone
Source – Wa Wa Win Shwe , CaptHtay Myint