သူငယ်ချင်း ရှဲဒိုးရဲ့ ကိုယ်စား သားလေး ကောင်းဇင်ဟိန်းရဲ့စေ့စပ်ပွဲလေးမှာ လူကြီးအရာကနေကူညီပေးခဲ့ကြတဲ့ ကောင်းကျော်တို့အဖွဲ့

Posted on

တစ်ခေတ်တခါက နာမည်ကြီးလူကြိုက်များခဲ့တဲ့ ရွှေညီကိုတို့အဖွဲ့ထဲက ဟာသသဘင်ပညာရှင်ရှဲဒိုးဟာဆိုရင် လူ့လောကထဲကနေစောစီးစွာထွက်ခွာသွားခဲ့ရပါတယ်။ ဒါပေမယ့် ကျန်ရှိနေခဲ့တဲ့ သူ့ရဲ့ သူငယ်ချင်းတွေကတော့ တကယ့်ကို သူငယ်ချင်းကောင်းပီသစွာနဲ့ ရှဲဒိုးရဲ့မိသားစုအပေါ်ကို ဝိုင်း၀န်းပြီး ကြည့်ရှုစောင့်ရှောက်ကာ ကူညီပေးနေခဲ့ကြတာကို‌ေတွ့ရပါတယ်။ အခုလည်း ရှဲဒိုးရဲ့ သားဖြစ်သူ ကောင်းဇင်ဟိန်းရဲ့ စေ့စပ်မင်္ဂလာပွဲလေးမှာ သူငယ်ချင်းရှဲဒိုးရဲ့ ကိုယ်စား ရွှေညီကိုတွေက လူကြီးအရာကနေ ဝိုင်း၀န်းကူညီပေးခဲ့ကြပါတယ်။

ရွှေညီကိုအဖွဲ့၀င် ဟာသပညာရှင်ကောင်းကျော်ကလည်း သူ့ရဲ့ သူငယ်ချင်း‌ကိုအောက်မေ့တဲ့အနေနဲ့ သူ့ရဲ့Facebookစာမျက်နှာပေါ်မှာအခုလိုပဲရေးသားထားခဲ့ပါတယ်။ ” သို့… တမလွန်က သူငယ်ချင်း   ရှဲဒိုး …ဒီနေ့ မင်းရဲ့တစ်ဦးတည်းသောသားလေး ကောင်းဇင်ဟိန်းရဲ့ အချိန်တန်အရွယ်ရောက်လို့ သူချစ်တဲ့ ချစ်သူလေးကို စေ့စပ် တောင်းရမ်းတဲ့ ပွဲလေးကို  မင်းကိုသိပ်ချစ်ခဲ့ကြတဲ့ သူငယ်ချင်း ရဲဘော်ရဲဘက်တွေ မင်းကိုယ်စား  မင်းသားလေးမျက်နှာမငယ်ရအောင် သွားပြီး စေ့စပ် တောင်းရမ်းပေးခဲ့တယ်နော် သူငယ်ချင်း…တို့အထဲက အကိုအကြီးဆုံးဖြစ်တဲ့ ကိုငြိမ်းချမ်းကတော့ ရုတ်တစ်ရက် ဖျော်ဖြေရေးပေါ်လာလို့ မလိုက်ပါနိုင်ခဲ့ဘူးပေါ့ကွာ… မင်းရဲ့ကိုယ်စား  မင်းရဲ့  သား… ငါတို့ရဲ့ သား ကောင်းဇင်ဟိန်းအတွက်ငါတို့ တတ်နိုင်တာလေးတွေ လုပ်ပေးတယ်နော်သူငယ်ချင်း “ဆိုပြီးတော့ ပြောထားခဲ့တာပါ။

” ဒီပွဲမှာ ငါတို့ မင်္ဂလာစကားပြောနေတော့
မင်းသိပ်ချစ်တဲ့ မင်းမိန်းမ သက်မွန်ညွန့်
ခေါ် မလှလှညွှန့် မင်းကိုသတိရပြီး မျက်ရည်တွေ ကျနေတာမြင်ရတော့ ငါတို့
ပါမျက်ရည်မကျမိအောင် ထိန်းခဲ့ရတယ်
သူငယ်ချင်းရယ် …။10-11-2019 နေ့မှာ မင်းရဲ့သား…မင်္ဂလာဆောင်မှာနော် သူငယ်ချင်း
အဲ့ဒီရက်မှာ ပွဲတွေ အသီးသီးရှိနေကြလို့
ငါတို့ လာနိုင်ချင်မှ လာနိုင်မယ်သူငယ်ချင်းရေ မင်းကို ကြိုပြီးတောင်းပန်ပါတယ် သူငယ်ချင်းရယ် …အခုလဲ ငါတို့လုပ်ပေးနိုင်တာလေးကို မရှိတော့တဲ့သူငယ်ချင်းအတွက် လုပ်ပေးလိုက်တယ်နော်သူငယ်ချင်း …ရွှေညီကိုအဖွဲ့ရဲ့ ရွှေညီအမ တွေပါ ပါဝင်ပေးခဲ့တယ်နော် သူငယ်ချင်း… တမလွန်က အချစ်ဆုံး သူငယ်ချင်း ရှဲဒိုး (ခ)လှမြင့် (ခ)သာကျော်(ခ)ကျော်ဆန်း  ကျေနပ် ဝမ်းမြောက်ပါသူငယ်ချင်း ရေ….” လို့ဆိုပြီး တမလွန်က သူငယ်ချင်းဖြစ်သူအတွက် ရွှေညီကိုတွေက တတ်နိုင်တာလေးတွေ လုပ်ပေးခဲ့ကြပါတယ် ပရိသတ်တို့ရေ….

Source : U Kaung Kyaw
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

သူငယ္ခ်င္း ရွဲဒိုးရဲ႕ ကိုယ္စား သားေလး ေကာင္းဇင္ဟိန္းရဲ႕ေစ့စပ္ပြဲေလးမွာ လူႀကီးအရာကေနကူညီေပးခဲ့ၾကတဲ့ ေကာင္းေက်ာ္တို႔အဖြဲ႕

 

တစ္ေခတ္တခါက နာမည္ႀကီးလူႀကိဳက္မ်ားခဲ့တဲ့ ေ႐ႊညီကိုတို႔အဖြဲ႕ထဲက ဟာသသဘင္ပညာရွင္ရွဲဒိုးဟာဆိုရင္ လူ႔ေလာကထဲကေနေစာစီးစြာထြက္ခြာသြားခဲ့ရပါတယ္။ ဒါေပမယ့္ က်န္ရွိေနခဲ့တဲ့ သူ႔ရဲ႕ သူငယ္ခ်င္းေတြကေတာ့ တကယ့္ကို သူငယ္ခ်င္းေကာင္းပီသစြာနဲ႔ ရွဲဒိုးရဲ႕မိသားစုအေပၚကို ဝိုင္း၀န္းၿပီး ၾကည့္ရႈေစာင့္ေရွာက္ကာ ကူညီေပးေနခဲ့ၾကတာကို‌ေတြ႕ရပါတယ္။ အခုလည္း ရွဲဒိုးရဲ႕ သားျဖစ္သူ ေကာင္းဇင္ဟိန္းရဲ႕ ေစ့စပ္မဂၤလာပြဲေလးမွာ သူငယ္ခ်င္းရွဲဒိုးရဲ႕ ကိုယ္စား ေ႐ႊညီကိုေတြက လူႀကီးအရာကေန ဝိုင္း၀န္းကူညီေပးခဲ့ၾကပါတယ္။

ေ႐ႊညီကိုအဖြဲ႕၀င္ ဟာသပညာရွင္ေကာင္းေက်ာ္ကလည္း သူ႔ရဲ႕ သူငယ္ခ်င္း‌ကိုေအာက္ေမ့တဲ့အေနနဲ႔ သူ႔ရဲ႕Facebookစာမ်က္ႏွာေပၚမွာအခုလိုပဲေရးသားထားခဲ့ပါတယ္။ ” သို႔… တမလြန္က သူငယ္ခ်င္း ရွဲဒိုး …ဒီေန႔ မင္းရဲ႕တစ္ဦးတည္းေသာသားေလး ေကာင္းဇင္ဟိန္းရဲ႕ အခ်ိန္တန္အ႐ြယ္ေရာက္လို႔ သူခ်စ္တဲ့ ခ်စ္သူေလးကို ေစ့စပ္ ေတာင္းရမ္းတဲ့ ပြဲေလးကို မင္းကိုသိပ္ခ်စ္ခဲ့ၾကတဲ့ သူငယ္ခ်င္း ရဲေဘာ္ရဲဘက္ေတြ မင္းကိုယ္စား မင္းသားေလးမ်က္ႏွာမငယ္ရေအာင္ သြားၿပီး ေစ့စပ္ ေတာင္းရမ္းေပးခဲ့တယ္ေနာ္ သူငယ္ခ်င္း…တို႔အထဲက အကိုအႀကီးဆုံးျဖစ္တဲ့ ကိုၿငိမ္းခ်မ္းကေတာ့ ႐ုတ္တစ္ရက္ ေဖ်ာ္ေျဖေရးေပၚလာလို႔ မလိုက္ပါႏိုင္ခဲ့ဘူးေပါ့ကြာ… မင္းရဲ႕ကိုယ္စား မင္းရဲ႕ သား… ငါတို႔ရဲ႕ သား ေကာင္းဇင္ဟိန္းအတြက္
ငါတို႔ တတ္ႏိုင္တာေလးေတြ လုပ္ေပး
တယ္ေနာ္သူငယ္ခ်င္း “ဆိုၿပီးေတာ့ ေျပာထားခဲ့တာပါ။

” ဒီပြဲမွာ ငါတို႔ မဂၤလာစကားေျပာေနေတာ့
မင္းသိပ္ခ်စ္တဲ့ မင္းမိန္းမ သက္မြန္ၫြန္႔
ေခၚ မလွလွၫႊန္႔ မင္းကိုသတိရၿပီး မ်က္ရည္ေတြ က်ေနတာျမင္ရေတာ့ ငါတို႔
ပါမ်က္ရည္မက်မိေအာင္ ထိန္းခဲ့ရတယ္
သူငယ္ခ်င္းရယ္ …။10-11-2019 ေန႔မွာ မင္းရဲ႕သား…မဂၤလာေဆာင္မွာေနာ္ သူငယ္ခ်င္း
အဲ့ဒီရက္မွာ ပြဲေတြ အသီးသီးရွိေနၾကလို႔
ငါတို႔ လာႏိုင္ခ်င္မွ လာႏိုင္မယ္သူငယ္ခ်င္းေရ မင္းကို ႀကိဳၿပီးေတာင္းပန္ပါတယ္ သူငယ္ခ်င္းရယ္ …အခုလဲ ငါတို႔လုပ္ေပးႏိုင္တာေလးကို မရွိေတာ့တဲ့သူငယ္ခ်င္းအတြက္ လုပ္ေပးလိုက္တယ္ေနာ္သူငယ္ခ်င္း …ေ႐ႊညီကိုအဖြဲ႕ရဲ႕ ေ႐ႊညီအမ ေတြပါ ပါဝင္ေပးခဲ့တယ္ေနာ္ သူငယ္ခ်င္း… တမလြန္က အခ်စ္ဆုံး သူငယ္ခ်င္း ရွဲဒိုး (ခ)လွျမင့္ (ခ)သာေက်ာ္(ခ)ေက်ာ္ဆန္း ေက်နပ္ ဝမ္းေျမာက္ပါသူငယ္ခ်င္း ေရ….” လို႔ဆိုၿပီး တမလြန္က သူငယ္ခ်င္းျဖစ္သူအတြက္ ေ႐ႊညီကိုေတြက တတ္ႏိုင္တာေလးေတြ လုပ္ေပးခဲ့ၾကပါတယ္ ပရိသတ္တို႔ေရ….