နှစ်ယောက်အတူနေမယ့်အမိုက်စားအိမ်အသစ်လေးကနေ Live လွှင့်ပြီး စုစုနဲ့အတူတူနေရတဲ့ အကြောင်းအရင်းကိုပြောပြခဲ့တဲ့ Mikis Weber

Posted on

ဂျာမဏီနိုင်ငံသားနဲ့မြန်မာနိုင်ငံသူလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးဟာ နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး လက်ရှိအချိန်ထိလည်း နှစ်ယောက်သားရဲ့အချစ်ရေးက အဆင်ပြေချောမွေ့နေဆဲပါပဲ။ ခရီးတွေအတူတူသွားပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှု တွေပိုရှိလာကာ ပိုပြီးလည်း ချစ်ခင်မြတ်နိုးလာခဲ့ကြသူတွေပါ။ Mikis ရဲ့ အနုပညာအလုပ်တွေကိုလည်း စုစုတစ်ယောက် အကောင်းဆုံးနားလည်ပေးပြီး ဖေးကူခဲ့ပါသေးတယ်။

နှစ်ယောက်အတူတူနေတဲ့ကိစ္စနဲ့ပက်သက်ပြီး Mikis ဟာ ဒါဟာတစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးတာကြောင့် အချိန် ကြာကြာတွေ့ချင်လို့ အတူတူနေတာဖြစ်ပြီး တခြားကိစ္စတွေထက် အချစ်လို့ပဲတွေးပေးစေလိုကြောင်းပြောခဲ့ပါသေးတယ်။ ချစ်စရာကောင်းတဲ့အိမ်သစ်လေးဟာ အပြည့်မဝမပြင်ဆင်ရသေးတာတောင် အရမ်းကိုကြည့်ကောင်းလွန်းနေပါပြီ။ တကယ့်ကို Ro ဆန်ဆန် အပြင်အဆင်လေးက ကြည်နူးစရာပါ။

တစ်ယောက်နဲ့တစ်ယောက် ချစ်လို့အတူနေတယ် အချိန်တန်ရင်လက်ထပ်မယ် ဒီလိုသဘောလေးနဲ့ အတူတူနေနေတာ ဖြစ်ကြောင်းကိုလည်း Mikis က ရှင်းပြခဲ့ပါသေးတယ်။ အနောက်တိုင်းဓလေ့ ဆိုပေမယ့်လည်း Mikis ပြောတာ သဘာဝကျတာ ကြောင့် နှစ်ယောက်သားကို အားပေးစကားပြောတဲ့ ပရိသတ်တွေအများအပြားပါပဲ။ စုစုကိုပြောတိုင်းအမြဲတမ်း ကာကွယ်ပေး တဲ့ Mikis ကို အပိုင်ရထားတဲ့ စုစုကတော့ အချစ်ရေးမှာ အရမ်းကိုကံကောင်းသူလေးလို့ပြောလို့ရတာပေါ့နော်။

Photo – Mikis Weber
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ႏွစ္ေယာက္အတူေနမယ့္အမိုက္စားအိမ္အသစ္ေလးကေန Live လႊင့္ျပီး စုစုနဲ႔အတူတူေနရတဲ့ အေၾကာင္းအရင္းကိုေျပာျပခဲ့တဲ့ Mikis Weber ”

ဂ်ာမဏီႏိုင္ငံသားနဲ႔ျမန္မာႏိုင္ငံသူေလးတို႔ရဲ႕အခ်စ္ဇာတ္လမ္းေလးဟာ ႏွစ္ႏွစ္ေက်ာ္ၾကာျမင့္ခဲ့ျပီ ျဖစ္ျပီး လက္ရွိအခ်ိ္န္ထိလည္း ႏွစ္ေယာက္သားရဲ႕အခ်စ္ေရးက အဆင္ေျပေခ်ာေမြ႕ေနဆဲပါပဲ။ ခရီးေတြအတူတူသြားျပီး တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေတြပိုရွိလာကာ ပိုျပီးလည္း ခ်စ္ခင္ျမတ္ႏိုးလာခဲ့ၾကသူေတြပါ။ Mikis ရဲ႕ အႏုပညာအလုပ္ေတြကိုလည္း စုစုတစ္ေယာက္ အေကာင္းဆံုးနားလည္ေပးျပီး ေဖးကူခဲ့ပါေသးတယ္။

ႏွစ္ေယာက္အတူတူေနတဲ့ကိစၥနဲ႔ပက္သက္ျပီး Mikis ဟာ ဒါဟာတစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ျမတ္ႏိုးတာေ ၾကာင့္ အခ်ိန္ၾကာၾကာေတြ႕ခ်င္လို႔ အတူတူေနတာျဖစ္ျပီး တျခားကိစၥေတြထက္ အခ်စ္လို႔ပဲေတြးေပးေစ လိုေၾကာင္းေျပာခဲ့ပါေသးတယ္။ ခ်စ္စရာေကာင္းတဲ့အိမ္သစ္ေလးဟာ အျပည့္မဝမျပင္ဆင္ရေသးတာေတာင္ အရမ္းကိုၾကည့္ေကာင္းလြန္းေနပါျပီ။ တကယ့္ကို Ro ဆန္ဆန္ အျပင္အဆင္ေလးက ၾကည္ႏူးစရာပါ။

တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္လို႔အတူေနတယ္ အခ်ိန္တန္ရင္လက္ထပ္မယ္ ဒီလိုသေဘာေလးနဲ႔ အတူတူေနေနတာျ ဖစ္ေၾကာင္းကိုလည္း Mikis က ရွင္းျပခဲ့ပါေသးတယ္။ အေနာက္တိုင္းဓေလ့ ဆိုေပမယ့္လည္း Mikis ေျပာတာ သဘာဝက်တာေၾကာင့္ ႏွစ္ေယာက္သားကို အားေပးစကားေျပာတဲ့ ပရိသတ္ေတြအမ်ားအျပားပါပဲ။ စုစုကိုေျပာတိုင္းအျမဲတမ္းကာကြယ္ေပးတဲ့ Mikis ကို အပိုင္ရထားတဲ့ စုစုကေတာ့ အခ်စ္ေရးမွာ အရမ္းကို ကံေကာင္းသူေလးလို႔ေျပာလို႔ရတာေပါ့ေနာ္။

Photo – Mikis Weber
Happy – Cele Zone