ဂေဟာကမောင်နှမတွေကို အမကြီးအမိရာပီသစွာနဲ့ ထိန်းပေးနေတဲ့ ခိုင်နှင်းဝေရဲ့သမီးလေး

Posted on

ပရဟိတမင်းသမီးလေးခိုင်နှင်းဝေဟာဆိုရင် ဝမ်းမနာသားသမီးတွေတော်တော်များများကို ခေါ်ယူစောင့်ရှောက်ထားခဲ့သူ တစ်ယောက်ဖြစ်ပြီး ကိုယ့်သားသမီးအရင်းတွေလို ရင်အုပ်မကွာ စောင့်ရှောက်တတ်တဲ့ မိခင်စိတ်အပြည့်အဝရှိသူ တစ်ယောက်ပါ။ လိုအပ်တဲ့နေရာတိုင်းလိုလို အပြေးလေးသွားပြီး လှူတန်းတတ်ကာ အလှူအတန်းဆိုဘယ်သောအခါမှ လက်မနှေးတတ်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့သားသမီးတွေဆီကို ချစ်ရတဲ့သမီးလေးရွှန်းရွှန်းကိုခေါ်ပြီး လည်သွားရောက်ခဲ့ချိန်မှာတော့ ရွှန်းလေးတစ်ယောက် အမကြီးအမိရာပီသကာ မောင်ငယ်ညီမငယ်လေးတွေနဲ့အတူတူဆော့ပြီး ထိန်းကျောင်းပေးနေတဲ့ပုံရိပ်လေးကို မေမေခိုင်နှင်းဝေတစ်ယောက် ပီတိပြုံးတွေနဲ့ငေးကြည့်နေခဲ့ တာပဲဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့သားသမီးလေးတွေ အတူတူ သင့်သင့်မြတ်မြတ်ရှိနေချိန်ဟာ မိဘတိုင်းရဲ့ကြည်နူးရဆုံးအချိန်ပါပဲ။

ချစ်ရတဲ့သားသမီးလေးတွေရဲ့ပုံရိပ်လေးတွေကို ” အစ်မကြီးတော့ အမိရာ တဲ့ ဆိုရိုးစကားအတိုင်းပဲ,,, ကျမ သမီးလေးသည် ကျမရဲ့ သားတွေသမီးတွေ အားလုံးအပေါ် အစ်မကြီးတစ်ယောက်ပီသစွာ ချစ်ခင်စေမယ် ညှာတာစိတ်ရှိစေမယ် ဖေးကူလိုစိတ် ရှိစေမယ် မောင်လေး ညီမလေးတွေရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်စေမယ် အဲ့လိုအရာတွေဖြစ်လာဖို့ အခုအရွယ်ထဲက ပြုစု ပျိုးထောင်ပေးမယ် ကျမ အသက်သေဆုံးသွားသည့်တိုင် သူတို့လေးတွေ သွေးဝမ်းမကွဲတစိတ်တဝမ်းတည်းဖြစ်နေဖို့ရော, နောက်ထပ် နောက်ထပ်ရောက်လာမယ့် မောင်လေး ညီမလေးတွေကိုရော, ဒါဟာ မိသားစု ဆိုတဲ့အသိစိတ်ထည့်ပေးထားမယ် သား,သမီးတွေ အားလုံးကို မေတ္တာတရားနဲ့နေထိုင်တတ်ဖို့ သင်ကြားရင်း လောကကြီးနဲ့လူသားတွေအတွက် တထောင့်တနေရာ ကနေ အကျိုးပြုလာနိုင်မယ့် လူသားတွေအဖြစ် မြင်ရမယ့်တနေ့ကိုမျှော်လင့်ရင်း ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Photo – Khine Hnin Wai
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ေဂဟာကေမာင္ႏွမေတြကို အမၾကီးအမိရာပီသစြာနဲ႔ ထိန္းေပးေနတဲ့ ခိုင္ႏွင္းေဝရဲ႕သမီးေလး ”

ပရဟိတမင္းသမီးေလးခိုင္ႏွင္းေဝဟာဆိုရင္ ဝမ္းမနာသားသမီးေတြေတာ္ေတာ္မ်ားမ်ားကို ေခၚယူေစာင့္ေရွာက္ထားခဲ့သူတစ္ေယာက္ျဖစ္ျပီး ကိုယ့္သားသမီးအရင္းေတြလို ရင္အုပ္မကြာ ေစာင့္ေရွာက္တတ္တဲ့ မိခင္စိတ္အျပည့္အဝရွိသူတစ္ေယာက္ပါ။ လိုအပ္တဲ့ေနရာတိုင္းလိုလို အေျပးေလးသြားျပီး လွဴတန္းတတ္ကာ အလွဴအတန္းဆိုဘယ္ေသာအခါမွ လက္မေနွးတတ္တဲ့ ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။

သူမရဲ႕သားသမီးေတြဆီကို ခ်စ္ရတဲ့သမီးေလးရႊန္းရႊန္းကိုေခၚျပီး လည္သြားေရာက္ခဲ့ခ်ိန္မွာေတာ့ ရႊန္းေလးတစ္ေယာက္ အမၾကီးအမိရာပီသကာ ေမာင္ငယ္ညီမငယ္ေလးေတြနဲ႔အတူတူေဆာ့ျပီး ထိန္းေက်ာင္းေပးေနတဲ့ပံုရိပ္ေလးကို ေမေမခိုင္ႏွင္းေဝတစ္ေယာက္ ပီတိျပံဳးေတြနဲ႔ေငးၾကည့္ေနခဲ့ တာပဲျဖစ္ပါတယ္။ ကိုယ္ခ်စ္ရတဲ့သားသမီးေလးေတြ အတူတူသင့္သင့္ျမတ္ျမတ္ရွိေနခ်ိန္ဟာ မိဘတိုင္းရဲ႕ၾကည္ႏူးရဆံုးအခ်ိန္ပါပဲ။

ခ်စ္ရတဲ့သားသမီးေလးေတြရဲ႕ပံုရိပ္ေလးေတြကို ” အစ္မႀကီးေတာ့ အမိရာ တဲ့ ဆို႐ိုးစကားအတိုင္းပဲ,,,
က်မ သမီးေလးသည္ က်မရဲ႕ သားေတြသမီးေတြ အားလံုးအေပၚ အစ္မႀကီးတစ္ေယာက္ပီသစြာ ခ်စ္ခင္ေစမယ္ ညႇာတာစိတ္ရွိေစမယ္ ေဖးကူလိုစိတ္ရွိေစမယ္ ေမာင္ေလး ညီမေလးေတြရဲ႕ ေရွ႕ေဆာင္လမ္းျပ ျဖစ္ေစမယ္ အဲ့လိုအရာေတြျဖစ္လာဖို႔ အခုအရြယ္ထဲက ျပဳစုပ်ိဳးေထာင္ေပးမယ္
က်မ အသက္ေသဆံုးသြားသည့္တိုင္ သူတို႔ေလးေတြ ေသြးဝမ္းမကြဲတစိတ္တဝမ္းတည္းျဖစ္ေနဖို ႔ေရာ, ေနာက္ထပ္ ေနာက္ထပ္ေရာက္လာမယ့္ ေမာင္ေလး ညီမေလးေတြကိုေရာ, ဒါဟာ မိသားစု ဆိုတဲ့အသိစိတ္ထည့္ေပးထားမယ္ သား,သမီးေတြ အားလံုးကို ေမတၱာတရားနဲ႔ေနထိုင္တတ္ဖို႔ သင္ၾကားရင္း ေလာကႀကီးနဲ႔လူသားေတြအတြက္ တေထာင့္တေနရာကေန အက်ိဳးျပဳလာႏိုင္မယ့္ လူသားေတြအျဖစ္ ျမင္ရမယ့္တေန႔ကိုေမွ်ာ္လင့္ရင္း ” ဆိုျပီး တင္ထားတာပဲျဖစ္ပါတယ္။

Photo – Khine Hnin Wai
Happy – Cele Zone