ငယ်ငယ်ကဝင်ပြီးကစားခဲ့တဲ့ရုပ်ရှင်ရုံကြီးမှာပဲ အနုပညာရှင်အဖြစ်နဲ့လက်မှတ်ထိုးခွင့်ရခဲ့တဲ့ ဇာဏ်ခီ

Posted on

လက်ရှိရုံတင်ပြသနေတဲ့ ခီမောင်နှံရဲ့ဇာတ်ကားဟာ ပရိသတ်တွေကြားမှာအတော်လေးရေပန်း စားပြီး အရမ်းကိုအောင်မြင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သူအားလုံးဟာ အကောင်းဆုံးကြိုးစားခဲ့ကြတာကြောင့် ထိုက်တန်တဲ့ ရလာဒ်တစ်ခုကို ပြန်လည်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ မန္တလေးသားတစ်ယောက်ဖြစ်တဲ့ ဇာဏ်ခီဟာ မန္တလေးမြို့ရဲ့ ” ဝင်းလိုက် ” ရုပ်ရှင်ရုံမှာ ပရိသတ်တွေနဲ့တွေ့ဆုံလက်မှတ်ထိုးဖို့သွားနေတဲ့ ပုံရိပ်လေးတစ်ခုကို ဇနီးဖြစ်သူက စာလေးတစ်ခုနဲ့ တွဲတင်လိုက် တာပဲဖြစ်ပါတယ်။

” တချိန်က ဝင်းလိုက် ရုပ်ရှင်ရုံမှာ ဝင်ဝင်ဆော့နေတဲ့ ကလေးလေးတယောက်ဟာ ဒီနေ့ ညနေ မှာ အဲ့ ရုပ်ရှင်ရုံမှာ အနုပညာ သမားတယောက်အနေနဲ့ ပရိတ်သတ်ကို လက်မှတ်လာထိုး တွေ့ဆုံရသူ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲနော်?? အိမ်မက်တွေဟာ မက်ခွင့်ရှိသလို အိမ်မက်တွေကို လည်း အကောင်အထည်ဖော်ခွင့်ရှိပါတယ် ” ဆိုပြီး အဓိပ္ပါယ်တွေအပြည့်ပါ တဲ့ စာသားလေးနဲ့ ဝေမျှထားတာပဲဖြစ်ပါတယ်။

လူတိုင်းမှာအိပ်မက်တွေရှိသလို အိပ်မက်တွေကိုလည်း အကောင်အထည်ဖော်နိုင်ခွင့်ရှိပါတယ်။ တကယ်တမ်းလက်တွေ့ ကြိုးစားမှုကြောင့် နေရာတစ်နေရာကို အပြည့်အဝရရှိလာတဲ့အချိန်ဟာ တကယ့်ကိုအပျော်ရွှင်ရဆုံးအချိန်ပါပဲ။ ပရိသတ်ကြီး ရော ရည်မှန်းချက်တွေပြည့်ဝခဲ့ပြီလားဆိုတာ ပြောပြပေးပါဦးနော်။

Photo – Christina Kyi
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ငယ္ငယ္ကဝင္ၿပီးကစားခဲ့တဲ့႐ုပ္ရွင္႐ုံႀကီးမွာပဲ အႏုပညာရွင္အျဖစ္နဲ႔လက္မွတ္ထိုးခြင့္ရခဲ့တဲ့ ဇာဏ္ခီ ”

လက္ရွိ႐ုံတင္ျပသေနတဲ့ ခီေမာင္ႏွံရဲ႕ဇာတ္ကားဟာ ပရိသတ္ေတြၾကားမွာအေတာ္ေလးေရပန္း စားၿပီး အရမ္းကို ေအာင္ျမင္တဲ့ဇာတ္ကားတစ္ကားျဖစ္ခဲ့ပါတယ္။ ဒီဇာတ္ကားမွာ ပါဝင္သူအားလုံးဟာ အေကာင္းဆုံးႀကိဳးစားခဲ့ၾကတာေၾကာင့္ ထိုက္တန္တဲ့ရလာဒ္တစ္ခုကို ျပန္လည္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ မႏၲေလးသားတစ္ေယာက္ျဖစ္တဲ့ ဇာဏ္ခီဟာ မႏၲေလးၿမိဳ႕ရဲ႕ ” ဝင္းလိုက္ ” ႐ုပ္ရွင္႐ုံမွာ ပရိသတ္ေတြနဲ႔ေတြ႕ဆုံလက္မွတ္ထိုးဖို႔သြားေနတဲ့ ပုံရိပ္ေလးတစ္ခုကို ဇနီးျဖစ္သူက စာေလး တစ္ခုနဲ႔ တြဲတင္လိုက္တာပဲျဖစ္ပါတယ္။

” တခ်ိန္က ဝင္းလိုက္ ႐ုပ္ရွင္႐ုံမွာ ဝင္ဝင္ေဆာ့ေနတဲ့ ကေလးေလးတေယာက္ဟာ ဒီေန႔ ညေန မွာ အဲ့ ႐ုပ္ရွင္႐ုံမွာ အႏုပညာ သမားတေယာက္အေနနဲ႔ ပရိတ္သတ္ကို လက္မွတ္လာထိုး ေတြ႕ဆုံရသူ ျဖစ္လာလိမ့္မယ္လို႔ ဘယ္သူထင္မွာလဲေနာ္?? အိမ္မက္ေတြဟာ မက္ခြင့္ရွိသလို အိမ္မက္ေတြကို လည္း အေကာင္အထည္ေဖာ္ခြင့္ရွိပါတယ္ ” ဆိုၿပီး အဓိပၸါယ္ေတြအျပည့္ပါတဲ့ စာသားေလးနဲ႔ ေဝမွ်ထားတာပဲျဖစ္ပါတယ္။

လူတိုင္းမွာအိပ္မက္ေတြရွိသလို အိပ္မက္ေတြကိုလည္း အေကာင္အထည္ေဖာ္နိုင္ခြင့္ရွိပါတယ္။ တကယ္တမ္းလက္ေတြ႕ ႀကိဳးစားမႈေၾကာင့္ ေနရာတစ္ေနရာကို အျပည့္အဝရရွိလာတဲ့အခ်ိန္ဟာ တကယ့္ကိုအေပ်ာ္႐ႊင္ရဆုံးအခ်ိန္ပါပဲ။ ပရိသတ္ၾကီးေရာ ရည္မွန္းခ်က္ေတြျပည့္ဝခဲ့ျပီလားဆိုတာ ေျပာျပေပးပါဦးေနာ္။

Photo – Christina Kyi
Happy – Cele Zone