ဘယ်တော့စားရမလဲလို့မေးနေတဲ့သူတွေကို ရက်အတိအကျနဲ့ပါ အဖြေပေးလိုက်တဲ့ နေခြည်ဦး

Posted on

ချစ်စရာကောင်းလွန်းတဲ့အမူအရာလေးတွေကြောင့် ပရိသတ်တွေအသည်းတယားယားဖြစ်နေရတဲ့ နေခြည်ဦးကတော့ သူမကို စနောက်နေတဲ့သူတွေကို ပြန်လည်အရွှန်းဖောက်ခဲ့ပါတယ်။ မြန်မာလူမျိုးတွေမှာ အပျိုကြီး လူပျိုကြီးတွေကို အမြဲတမ်း စနောက်တတ်တဲ့စကားလေးတစ်ခွန်းက ” ဘယ်တော့စားရမှာလဲ ” ဆိုတဲ့စကားလေးပါပဲ။ အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက် နေတဲ့ လူလွတ်တွေကို ဒီစကားလေးနဲ့အမြဲတမ်းစနောက်ခဲ့ကြပါတယ်။

ချီချီ့ကိုလည်း ခင်မင်ရသူတွေကနောက်လိုက်ပုံပါပဲ။ ချီတစ်ယောက်ကတော့ နောက်ပြောင်တဲ့စကားလေးကို ခပ်ရွှတ်ရွှတ်လေး ပြန်ဖြေထားတာပဲဖြစ်ပါတယ်။ ” ဘယ်တော့စားရမလဲဆိုတော့ ၂၀၂၀ January ၂၅ ရက်နေ့ ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်မှာ စာလေးတင်လိုက်တာပဲဖြစ်ပါတယ် ပရိသတ်တွေကတော့ သူမတကယ်ပဲ အိမ်ထောင်ပြုတော့မှာ လားဆိုပြီး ရင်ခုန်သွားခဲ့ ပေမယ့် တကယ်တမ်းတော့ ဒါဟာသူမရဲ့မွေးနေ့ရက် ဖြစ်ပါသတဲ့ ပရိသတ်ကြီးရေ။

ချီကတော့ထုံးစံအတိုင်းနောက်နေဆဲ ပျော်နေဆဲပဲနော်။ သို့လောသို့လောဖြစ်နေတဲ့ သူမရဲ့ Chillies တွေကို ” အဲ့ဒါမွေးနေ့ဘဲ အဲ့နေ့ကျွေးမယ် လာစား ” ဆိုပြီး ပြန်လည်ရှင်းပြခဲ့ပါသေးတယ်။ အဲ့လိုချစ်ဖို့ကောင်းတဲ့ ချီချီမို့လို့ Chillies တွေရဲ့ အသည်းကျော်လေးဖြစ်နေတာမဆန်းပါဘူးနော်။

Photo – Nay Chi Oo
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” ဘယ္ေတာ့စားရမလဲလို႔ေမးေနတဲ့သူေတြကို ရက္အတိအက်နဲ႔ပါ အေျဖေပးလိုက္တဲ့ ေနျခည္ဦး ”

ခ်စ္စရာေကာင္းလြန္းတဲ့အမူအရာေလးေတြေၾကာင့္ ပရိသတ္ေတြအသည္းတယားယားျဖစ္ေနရတဲ့ ေနျခည္ဦးကေတာ့ သူမကိုစေနာက္ေနတဲ့သူေတြကို ျပန္လည္အ႐ႊန္းေဖာက္ခဲ့ပါတယ္။ ျမန္မာလူမ်ိဳးေတြမွာ အပ်ိဳႀကီး လူပ်ိဳႀကီးေတြကို အၿမဲတမ္းစေနာက္တတ္တဲ့စကားေလးတစ္ခြန္းက ” ဘယ္ေတာ့စားရမွာလဲ ” ဆိုတဲ့စကားေလးပါပဲ။ အိမ္ေထာင္ျပဳသင့္တဲ့အ႐ြယ္ေရာက္ေနတဲ့ လူလြတ္ေတြကို ဒီစကားေလးနဲ႔အၿမဲတမ္းစေနာက္ခဲ့ၾကပါတယ္။

ခ်ီခ်ီ႕ကိုလည္း ခင္မင္ရသူေတြကေနာက္လိုက္ပုံပါပဲ။ ခ်ီတစ္ေယာက္ကေတာ့ ေနာက္ေျပာင္တဲ့စကားေလးကို ခပ္႐ႊတ္႐ႊ တ္ေလး ျပန္ေျဖထားတာပဲျဖစ္ပါတယ္။ ” ဘယ္ေတာ့စားရမလဲဆိုေတာ့ ၂၀၂၀ January ၂၅ ရက္ေန႔ ” ဆိုၿပီး သူမရဲ႕လူမႈကြန္ယက္မွာ စာေလးတင္လိုက္တာပဲျဖစ္ပါတယ္ ပရိသတ္ေတြကေတာ့ သူမတကယ္ပဲ အိမ္ေထာင္ျပဳေတာ့မွာ လားဆိုၿပီး ရင္ခုန္သြားခဲ့ေပမယ့္ တကယ္တမ္းေတာ့ ဒါဟာသူမရဲ႕ေမြးေန႔ရက္ ျဖစ္ပါသတဲ့ ပရိသတ္ႀကီးေရ။

ခ်ီကေတာ့ထုံးစံအတိုင္းေနာက္ေနဆဲ ေပ်ာ္ေနဆဲပဲေနာ္။ သို႔ေလာသို႔ေလာျဖစ္ေနတဲ့ သူမရဲ႕ Chillies ေတြကို ” အဲ့ဒါေမြးေန႔ဘဲ အဲ့ေန႔ေကြၽးမယ္ လာစား ” ဆိုၿပီး ျပန္လည္ရွင္းျပခဲ့ပါေသးတယ္။ အဲ့လိုခ်စ္ဖို႔ေကာင္းတဲ့ ခ်ီခ်ီမို႔လို႔ Chillies ေတြရဲ႕ အသည္းေက်ာ္ေလးျဖစ္ေနတာမဆန္းပါဘူးေနာ္။

Photo – Nay Chi Oo
Happy – Cele Zone