ကိုဗစ်ကာကွယ်ကုသရေးအတွက်လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းတွေကို လှူဒါန်းပေးခဲ့တဲ့ မေလသံစဉ်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်မလေး မေလသံစဉ်ကတော့ လတ်တလောမှာအလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ မေလသံစဉ်ကတော့ ကမ္ဘာကပ်ရောဂါဆိုးကြီးဖြစ်တဲ့ ကိုဗစ်ရောဂါ ကာကွယ်ကုသရေးလုပ်ဆောင်မှုတွေမှာ သူတတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက်ကူညီဆောင်ရွက်ပေးနေခဲ့တဲ့ သူတစ်ယောက်ပါ။

မေလသံစဉ်က ကိုဗစ်ရောဂါကို ရှေ့တန်းကတိုက်ပွဲဝင်ကုသေပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ Volunteer တွေအတွက် ဂုဏ်ပြုသီချင်းတွေရေးစပ်ပေးခဲ့တဲ့ အပြင် ကိုဗစ်ကြောင့်စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရတဲ့ မိသားစုတွေအတွက် စားသောက်ကုန်တွေလှူဒါန်းပေးတာတွေကို ပြုလုပ်ခဲ့ပါတယ်။လတ်တလောမှာလည်း ကာကွယ်ကုသမှုလုပ်ငန်းတွေလုပ်ဆောင်ရာမှာ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း ထပ်မံလှူဒါန်းပေးခဲ့တာပါ။

မေလသံစဉ်က အရှေ့ဒဂုံ COVID19 ကာကွယ် ထိန်းချုပ် စောင့်ရှောက်ရေးနှင့်ကူညီထောက်ပံ့ရေးကော်မတီအတွက် PPEဝတ်စုံများ၊ လက်အိတ်များ၊ဆေးဖျန်းပုံး ဆေးရည်နဲ့ Mask များ စုစုပေါင်း (၅)သိန်း(၅)ထောင်ကျပ်ဖိုး လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးရေ မေလက ပရိသတ်တွေအားလုံးကိုလည်း အခုလိုအချိန်မှာ ကျန်းမာရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းထားပါသေးတယ်နော်။

Chilli – CeleZone
Source – မေလသံစဉ် May Melody