ပရိသတ်တွေမမြင်ဘူးသေးတဲ့ သူမရဲ့မေမေကိုထုတ်ပြရင်း အရမ်းမိုက်တဲ့ Tik Tok လေးပါတူတူဆော့ပြလိုက်တဲ့ မေမြင့်မိုရ်တို့သားအမိရဲ့ဗီဒီယိုဖိုင်လေး

သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားသူလေးဖြစ်သလို ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာခဲ့သူလေးပဲ ဖြစ်ပါတယ်။ ချိုသာယဉ်ကျေးတဲ့အသံလေးနဲ့ ဖမ်းစားနိုင်တဲ့ မေမြင့်မိုရ်က အမာခံပရိသတ်တွေ အမြောက်အများကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မင်သမီးချောလေးဖြစ်တဲ့ သူမကတော့ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်တတ်သူလေးပဲ ဖြစ်ပြီး သူမရဲ့ ချစ်စရာပုံရိပ်လေးတွေဟာလဲ မြင်ရသူရင်ကို အေးချမ်းစေခဲ့ပါတယ် ။ အခုနောက်ပိုင်းမှာတော့ မေမြင့်မိုရ်က ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးရိုက်ကူးနေရတာ ဖြစ်ပါတယ်။

သူရဲ့လှုပ်ရှားမှုပုံလေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိရာ အခုမှာတော့ ပရိသတ်တွေကို သူမရဲ့ အရမ်းချစ်ရတဲ့မေမေ့ကိုထုတ်ပြရင်း Tik Tok မှာနာမည်ကြီးနေတဲ့ ဗီဒီယိုလေးကိုပါ အတူတူဆော့ပြထားတာတွေ့ရပါတယ် ။ဗီဒီယိုလေးထဲမှာ မေတို့သားအမိတွေအရမ်းချစ်ဖို့ကောင်းသလိုမေမေကလည်း နုပျိုလှပနေလွန်းတာလည်းဖြစ်ပါတယ် ။ ပရိသတ်ကြီးလည်းမေတို့သားအမိတွေရဲ့ ဗီဒီယိုလေးကိုကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Yuan – Cele Zone

photo – May Myint Mho