သင်ဇာဝင့်ကျော်နဲ့လုပ်ငန်းကြီးတစ်ခုလုပ်ဖို့ တိုင်ပင်ဆွေးနွေးခဲ့တယ်ဆိုတဲ့ ခင်သဇင်

Posted on

ခင်သဇင်နဲ့ သင်ဇာတို့နှစ်ယောက်သား ဆုံတုန်းကြုံခိုက်မှာ နောက်ဆယ်နှစ်နေရင် အကောင်အထည်ဖော်မယ့် Plan လေးတစ်ခု ကို တိုင်ပင်ဆွေးနွေးခဲ့တဲ့အကြောင်းကို ခင်သဇင်က သူမရဲ့လူမှုကွန်ယက်ကနေတဆင့်ပြောပြထားတာပဲဖြစ်ပါတယ်။ နောက်ဆယ်နှစ်နေမှ အကောင်အထည်ဖော်မယ့်အစီအစဉ်လေးကို အခုကတည်းကတိုင်ပင်ထားတယ်ဆိုတော့ သေသေချာချာ ကို စီစဉ်ပြီးမှ လုပ်မယ့်အနေအထားပေါ့နော်။

အောင်မြင်မှုကိုယ်စီနဲ့အနုပညာလမ်းကြောင်းပေါ်မှာအကောင်းမွန်ဆုံလျှောက်လှမ်းနေကြတဲ့ အလှပဂေးနှစ်ယောက်ရဲ့ အကြီးစား Plan တွေကို ပရိသတ်တွေကလည်း စိတ်ဝင်တစားနဲ့ မေးမြန်းခဲ့ကြပါသေးတယ်။ ခင်သဇင်ရဲ့ Post အောက်မှာ သင်ဇာက ” Pinky promise naw chit ” ဆိုပြီး မှတ်ချက်ဝင်ရောက်ရေးသားခဲ့တဲ့အပေါ် ခင်သဇင်ကလည်း ” yes, for sure chit yay ” ဆိုပြီး reply ပြန်ခဲ့ပါသေးတယ်။

သူမတို့နှစ်ယောက်ရဲ့ပုံရိပ်လေးကို ” ကြုံ တုန်း အကြီးကြီးတွေ တိုင်ပင် ဆွေးနွေးချ ပစ်လိုက်တယ် နောက် ၁၀ နှစ်မှာ လုပ်မယ့် Plan လေးတစ်ခု ” ဆိုပြီး ခင်သဇင်တစ်ယောက် လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ နောက်ထပ်ဆယ်နှစ်ဆိုရင် တည်ငြိမ်ရင့်ကျက်တဲ့ မိန်းမလှလေးတွေအဖြစ်ကိုရောက်တော့မယ့် မတ်မတ်နှစ်ယောက် ဘယ်လို Plan တွေများ စီစဉ်နေလဲ ဆိုတာတော့ အရမ်းကိုစိတ်ဝင်စားနေမိပါပြီနော်။

Photo – Khin Thazin
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” သင္ဇာဝင့္ေက်ာ္နဲ႔လုပ္ငန္းႀကီးတစ္ခုလုပ္ဖို႔ တိုင္ပင္ေဆြးေႏြးခဲ့တယ္ဆိုတဲ့ ခင္သဇင္ ”

ခင္သဇင္နဲ႔ သင္ဇာတို႔ႏွစ္ေယာက္သား ဆုံတုန္းႀကဳံခိုက္မွာ ေနာက္ဆယ္ႏွစ္ေနရင္ အေကာင္အထည္ေဖာ္မယ့္ Plan ေလးတစ္ ခုကို တိုင္ပင္ေဆြးေႏြးခဲ့တဲ့အေၾကာင္းကို ခင္သဇင္က သူမရဲ႕လူမႈကြန္ယက္ကေနတဆင့္ေျပာျပထားတာပဲျဖစ္ပါတယ္။ ေနာက္ဆယ္ႏွစ္ေနမွ အေကာင္အထည္ေဖာ္မယ့္အစီအစဥ္ေလးကို အခုကတည္းကတိုင္ပင္ထားတယ္ဆိုေတာ့ ေသေသခ်ာခ်ာ ကို စီစဥ္ၿပီးမွ လုပ္မယ့္အေနအထားေပါ့ေနာ္။

ေအာင္ျမင္မႈကိုယ္စီနဲ႔အႏုပညာလမ္းေၾကာင္းေပၚမွာအေကာင္းမြန္ဆုံေလွ်ာက္လွမ္းေနၾကတဲ့ အလွပေဂးႏွ စ္ေယာက္ရဲ႕ အႀကီးစား Plan ေတြကို ပရိသတ္ေတြကလည္း စိတ္ဝင္တစားနဲ႔ ေမးျမန္းခဲ့ၾကပါေသးတယ္။ ခင္သဇင္ရဲ႕ Post ေအာက္မွာ သင္ဇာက ” Pinky promise naw chit ” ဆိုၿပီး မွတ္ခ်က္ဝင္ေရာက္ေရးသားခဲ့တဲ့အေပၚ ခင္သဇင္က လည္း ” yes, for sure chit yay ” ဆိုၿပီး reply ျပန္ခဲ့ပါေသးတယ္။

သူမတို႔ႏွစ္ေယာက္ရဲ႕ပုံရိပ္ေလးကို ” ႀကဳံ တုန္း အႀကီးႀကီးေတြ တိုင္ပင္ ေဆြးေႏြးခ် ပစ္လိုက္တယ္ ေနာက္ ၁၀ ႏွစ္မွာ လုပ္မယ့္ Plan ေလးတစ္ခု ” ဆိုၿပီး ခင္သဇင္တစ္ေယာက္ လူမႈကြန္ယက္မွာ ေဝမွ်လိုက္တာပဲျဖစ္ပါတယ္။ ေနာက္ထပ္ဆယ္ႏွစ္ဆို ရင္ တည္ၿငိမ္ရင့္က်က္တဲ့ မိန္းမလွေလးေတြအျဖစ္ကိုေရာက္ေတာ့မယ့္ မတ္မတ္ႏွစ္ေယာက္ ဘယ္လို Plan ေတြမ်ား စီစဥ္ေန လဲဆိုတာေတာ့ အရမ္းကိုစိတ္ဝင္စားေနမိပါၿပီေနာ္။

Photo – Khin Thazin
Happy – Cele Zone