သူကြီးသားစတိုင်လေးနဲ့ ကျောင်းကပွဲအတွက် အကတိုက်နေတဲ့ ဆုပန်ရဲ့သားလေး Roar Roar

Posted on

ပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ဦးအဖြစ် နာမည်ကြီးနေတဲ့ ဆုပန်ထွာက လက်ရှိအချိန်ထိ အမာခံပရိသတ်တွေရဲ့အားပေးမှုတွေနဲ့ အတူ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေဆဲဖြစ်တဲ့ အိမ်ရှင်မတစ်ဦးပါ။ ချစ်စရာကောင်းတဲ့ သားလေး Roar လေးကိုလည်း ပိုင်ဆိုင်ထားပြီး Roarလေးကလည်း ပရိသတ်တွေအရမ်းကို ချစ်ရတဲ့ အသည်းကျော်လေးတစ်ဦးပါ။

 

လက်ရှိမှာဆိုရင် ကျောင်းတက်နေပြီဖြစ်တဲ့ Roar လေးက အရမ်းကို လိမ္မာတဲ့ ကလေးလေးတစ်ယောက်ဖြစ်သလို အဖေတူသားလေးမို့ မေမေ ဆုပန်ထွာကတော့ နှစ်ဆတိုးပြီး ချစ်ရတဲ့ သားဦးလေးပါ။ ချစ်စရာကောင်းလေး သားလေး Roarကလည်း ဖေဖေ မေမေတို့ အချစ်ပိုရလောက်အောင် ပုံစံလေးတွေအမျိုးမျိုးလုပ်တတ်သူတဲ့ Roar လေးရဲ့ဗီဒီယိုလေးကိုလည်း ပရိသတ်တွေမြင်တွေ့ရမှာပါ။

အခုလည်း ကျောင်းကပွဲတစ်ခုမှာ အကတိုက်နေတဲ့ Roarလေးရဲ့ ပုံရိပ်လေးတွေကို မြင်ရမှာပါ။ မေမေ ဆုပန်ထွာက Roarလေးကို ဆင်ထားတဲ့ ပုံလေးက အရမ်းကို ချစ်စရာကောင်းပြီး သူကြီးသားပုံလေးနဲ့ အရမ်းကို လန်းနေတာပါနော်။ မေမေ ဆုပန်ထွာက စင်ပေါ်မှာ အကတိုက်နေတဲ့ Roarလေးကို ရိုက်ထားတဲ့ ဗီဒီယိုလေးကို CeleZone ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်နော်။

Source:Supan Htwar
NORA:CeleZone
(Zawgyi ဖြင့်ဖတ်ရန်)




