သားသားမီးမီလေးတွေ အရွယ်ရောက်လာတော့ ကစားကွင်းလေးကျဉ်းသွားတယ်ဆိုတဲ့ ခိုင်နှင်းဝေရုပ်သံ

Posted on

ပရိသတ်သိကြတဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေရဲ့ လုပ်ဆောင်ချက်တွေကတော့ ပရိသတ်တွေမချီးကျုးပဲ မနေနိုင်လောက်အောင် အရမ်းကိုလေးစားအားကျရတဲ့ အမျိုးသမီးတစ်ဦးပါ။ လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုလည်း လုပ်ရင်း ပရဟိတအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးတစ်ဦးပါနော်။

 

ခိုင်နှင်းဝေရဲ့ မိခင်မေတ္တာ အပြည့်နဲ့ ဖွင့်လှစ်ထားတဲ့ ဂေဟာလေးကလည်း မိခင်ရင်ခွင်မဲ့နေတဲ့ သားသားမီးမီးလေးတွေအတွက် တော့ တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ နေရာလေးတစ်ခု ဖြစ်လာမှာပါ။ အခုဆိုရင် ဂေဟာလေးမှာ သားသားမီးမီး အယောက် ၂၀ကျော်ကို ကျွေးမွေးစောင့်ရှောက်ထားပြီး အရမ်းကိုပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလေးတစ်ခုဖြစ်နေပါပြီ။

မခိုင်နှင်းဝေက သူမအားတဲ့ အချိန်လေးမှာ ဂေဟာက သားသားမီးမီးလေးတွေကို အချိန်ပေးပြီး သွားရောက်ဆော့ကစားရင်း ပရိသတ်တွေကိုလည်း ဂေဟာရဲ့ အခြေအနေလေးကို ပရိသတ်တွေကိုလည်း Liveလွှင့်ပြီး ပြောပြထားတာပါ။ အရမ်းကိုချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေ ကစားကွင်းလေးကျဉ်းလာတဲ့ အကြောင်းလေးပြောရင်း သားသားမီးမီးလေးတွေ အကုန်လုံးကိုလည်း ပရိသတ်တွေမြင်ဖူးပြီးသားဖြစ်အောင် မခိုင်နှင်းဝေရဲ့ ဗီဒီယိုလေးကို CeleZoneပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်နော်။

Source:Khine Hnin Wai
NORA:CeleZone
(Zawgyi ဖြင့်ဖတ်ရန်)



