မနက်အတွက် ဘာချက်ရမယ်ဆိုတာကို မေမေ့ကို စီမံပေးနေတဲ့ ကိကိလေး ရုပ်သံ

Posted on

ဈေးသည်မလေး ကိကိအဖြစ် ပရိသတ်ကြားမှာ ရေပန်းစားနေတဲ့ ကလေးမလေးရဲ့ ဗီဒီယိုလေးတွေကတော့ ပရိသတ်တွေနဲ့ မစိမ်းတော့ပါဘူး။ အရမ်းကို ချစ်စရာကောင်းပြီး အရွယ်လေးနဲ့ မလိုက်အောင် လူကြီးတစ်ယောက်လို ပြောဆိုပုံလေးတွေက ပရိသတ်တွေအမြင်မှာ အရမ်းကို ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်အဖြစ် အချစ်တွေပိုနေရသူလေးဖြစ်ပါတယ်။

ချစ်စရာကောင်းလွန်းတဲ့ ကိကိလေးက ဈေးရောင်းရတာကို ဝါသနာပါပြီး ဟင်းတွေချက်ကတာကိုလည်း ဝါသနာပါသူလေးတစ်ယောက်ပါ။ ကိကိလေးရဲ့ မေမေကလည်း ကိကိလေး ဆော့ဖို့အတွက် ဟင်းချက်ကစားစရာလေးတွေအများကြီးဝယ်ပေးထားပြီး မေမေနဲ့ အတူ ဈေးရောင်းတမ်းကစားတဲ့ ဗီဒီယိုလေးတွေက ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားခဲ့ပါတယ်နော်။

အခုလည်း ညအိပ်ခံနီး အိပ်ယာပေါ်မှာ မေမေနဲ့ မနက်ဘာချက်ရမလဲဆိုတာ ပြောပြနေတဲ့ ကိကိရဲ့ ဗီဒီယိုလေးကို ကိကိရဲ့ We loveတွေကတော့ ကြည့်ပြီးလောက်မှာပါ။ ဒီတော့ CeleZone ကိုအားပေးနေတဲ့ ပရိသတ်ကြီးထဲက ကိကိလေးရဲ့ Fanလေးတွေအတွက် ဗိုက်ဆာရင်လုပ်တတ်တဲ့ ကိကိလေးရဲ့ နည်းလမ်းလေးကို ချစ်စရာကောင်းအောင် ပြောပြထားတဲ့ ဗီဒီယိုလေးကို တင်ပေးလိုက်ပါတယ်နော်။

Source:Ki Ki
NORA:CeleZone
(Zawgyi ဖြင့်ဖတ်ရန်)



