သူ့အကြောင်းကို ရေးစပ်သီကုံးထားတဲ့ သီချင်းတစ်ပုဒ်နဲ့ မွေးနေ့မှာ ဂုဏ်ပြုခံခဲ့ရတဲ့ ပရဟိတမင်းသားကြီး ကျော်သူ

Posted on

ပရဟိတမင်းသားကြီးအဖြစ် ပရိသတ်တွေ အရမ်းကိုလေးစားအားကျရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး ကျော်သူက ဖောင်ဒေးရှင်း တွေဖွင့်လှစ်ထားပြီး လူသားတွေအတွက် အကျိုးရှိစေမယ့် ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါ။ အနုပညာလောကမှာ ယခင်က အောင်မြင်တဲ့ ရုပ်ရှင်မင်းသားတစ်ဦးဖြစ်ခဲ့သလို ယခုအချိန်လဲ ပြည်သူတွေရဲ့ ချစ်ခြင်းတွေကို များစွာရရှိထားသူပါ။

လက်ရှိမှာဆိုရင် မင်းသားကြီးကျော်သူက အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်ခဲ့ပြီးနောက် ပရိသတ်တွေကို အမြင်သစ်တွေနဲ့ ဖန်တီးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပရိသတ်တွေကြည့်ရှူခံစားနိုင်ဖို့အတွက် ရိုက်ကူးနေတာကို မြင်တွေ့ရမှာပါ။ မကြာခင်မှာလည်း ပရိသတ်တွေစောင့်မျှော်နေတဲ့ “၁၀၁၄” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရုံတင်ပြသနိုင်ဖို့အတွက် ကြိုးစားနေတာကို မြင်တွေ့ရမှာပါ။

ယခုဆိုရင် အသက်(၆၀)ပြည့်သွားပြီး ဖြစ်တဲ့ မင်းသားကြီးကျော်သူရဲ့မွေးနေ့မှာ မင်းသားကြီးကျော်သူရဲ့ စွန့်လွှတ်အနစ်နာခံပြီး ပရဟိတလုပ်ဆောင်ခဲ့ပုံတွေကို ရေးစပ်သီကုံးထားတဲ့ သီချင်းလေးတစ်ပုဒ်နဲ့ ကိုသော်(ဂျပန်)မှ ဂုဏ်ပြုသီဆိုထားတာပါ။ ဒါကြောင့် မင်းသားကြီးကျော်သူအတွက် ရေးစပ်ထားတဲ့ “ပရဟိတ ဥယျာဉ်မှူး” ဆိုတဲ့ သီချင်းလေးကို CeleZone ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Kyaw Thu
NORA:CeleZone
(Zawgyi ဖြင့်ဖတ်ရန်)

သူ႔အေၾကာင္းကို ေရးစပ္သီကုံးထားတဲ့ သီခ်င္းတစ္ပုဒ္နဲ႔ ေမြးေန႔မွာ ဂုဏ္ျပဳခံခဲ့ရတဲ့ ပရဟိတမင္းသားႀကီး ေက်ာ္သူ

ပရဟိတမင္းသားႀကီးအျဖစ္ ပရိသတ္ေတြ အရမ္းကိုေလးစားအားက်ရတဲ့ ပုဂၢိဳလ္တစ္ေယာက္ျဖစ္တဲ့ အကယ္ဒမီ႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းသားႀကီး ေက်ာ္သူက ေဖာင္ေဒးရွင္း ေတြဖြင့္လွစ္ထားၿပီး လူသားေတြအတြက္ အက်ိဳးရွိေစမယ့္ ပရဟိတလုပ္ငန္းေတြကို လုပ္ကိုင္ေနတဲ့ သူတစ္ေယာက္ပါ။ အႏုပညာေလာကမွာ ယခင္က ေအာင္ျမင္တဲ့ ႐ုပ္ရွင္မင္းသားတစ္ဦးျဖစ္ခဲ့သလို ယခုအခ်ိန္လဲ ျပည္သူေတြရဲ႕ ခ်စ္ျခင္းေတြကို မ်ားစြာရရွိထားသူပါ။

လက္ရွိမွာဆိုရင္ မင္းသားႀကီးေက်ာ္သူက အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္ခဲ့ၿပီးေနာက္ ပရိသတ္ေတြကို အျမင္သစ္ေတြနဲ႔ ဖန္တီး႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြကို ပရိသတ္ေတြၾကည့္ရႉခံစားႏိုင္ဖို႔အတြက္ ႐ိုက္ကူးေနတာကို ျမင္ေတြ႕ရမွာပါ။ မၾကာခင္မွာလည္း ပရိသတ္ေတြေစာင့္ေမွ်ာ္ေနတဲ့ “၁၀၁၄” ႐ုပ္ရွင္ဇာတ္ကားႀကီးကိုလည္း ႐ုံတင္ျပသႏိုင္ဖို႔အတြက္ ႀကိဳးစားေနတာကို ျမင္ေတြ႕ရမွာပါ။

ယခုဆိုရင္ အသက္(၆၀)ျပည့္သြားၿပီး ျဖစ္တဲ့ မင္းသားႀကီးေက်ာ္သူရဲ႕ေမြးေန႔မွာ မင္းသားႀကီးေက်ာ္သူရဲ႕ စြန႔္လႊတ္အနစ္နာခံၿပီး ပရဟိတလုပ္ေဆာင္ခဲ့ပုံေတြကို ေရးစပ္သီကုံးထားတဲ့ သီခ်င္းေလးတစ္ပုဒ္နဲ႔ ကိုေသာ္(ဂ်ပန္)မွ ဂုဏ္ျပဳသီဆိုထားတာပါ။ ဒါေၾကာင့္ မင္းသားႀကီးေက်ာ္သူအတြက္ ေရးစပ္ထားတဲ့ “ပရဟိတ ဥယ်ာဥ္မႉး” ဆိုတဲ့ သီခ်င္းေလးကို CeleZone ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။