Christmas သီချင်းကောင်းလေး တစ်ပုဒ်ကို သားလေးနဲ့အတူ သီဆိုကာ သရုပ်ဆောင်ထားတဲ့ ဗီဒီယိုလေးတင်လိုက်တဲ့ ဆုပန်ထွာ

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာကတော့ အနုပညာအလုပ်တွေကို ယနေ့အချိန်ထိတိုင်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။တစ်ခေတ်တစ်ခါထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့ရာ ယနေ့ချိန်ထိ အောင်မြင်မှုကိုထိန်းထားနိုင်ဆဲဖြစ်ပါတယ်။အမြဲနုပျိုသွက်လက်ကာ စမတ်ကျကျလှနေတာလေးကလည်း ပရိသတ်တွေကို အချစ်ပိုစေခဲ့တာလည်းဖြစ်ပါတယ်။

ဆုပန်ထွာက ချစ်စရာသားသားရယ်၊အရမ်းချစ်တတ်တဲ့ခင်ပွန်းရယ်ကို ပိုင်ဆိုင်ထားတာကြောင့် သူမရဲ့မိသားစုဘဝလေးက သာယာစိုပြေပြီး ပရိသတ်တွေကလည်း အားကျချစ်ခင်နေရတာလည်းဖြစ်ပါတယ်။သားချောလေး Roar Roar လေးကလည်း  တီတီတာတာလေးတွေပြောဆိုတတ်လို့ ဆုပန်ထွာတို့အိမ်ရဲ့ဆည်းလည်းလေးဆိုလည်း မမှားပါဘူးနော်။

ပန်ပန်ကတော့ သူမရဲ့နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကိုဖေ့ဘွတ်ပေါ်တွင် အမြဲဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။အခုလည်း  Christmas သီချင်းလေးတစ်ပုဒ်ကို သားလေးနဲ့အတူတူ သီဆိုကာ သရုပ်ဆောင်ထားတဲ့ အမိုက်စားဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ် ။ ဗီဒီယိုလေးထဲမှာ သားအမိနှစ်ယောက်လုံး အရမ်းချစ်စရာကောင်းပြီး နားထောင်ကောင်းလွန်းတာကြောင့် ပရိသတ်ကြီးကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Yuan – Cele Zone

photo – Su Pan Htwar