တူလေးအတွက် သားချော့တေးလေးတစ်ပုဒ်ရေးစပ်ပေးလိုက်တဲ့ G Fatt

ပရိသတ်ကြီးရေ G Fatt ကတော့ လက်ရှိမှာ အမိုက်စားစာသားတွေနဲ့ သီချင်းကောင်းလေးတွေကို ဖန်တီးရေးသားတာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော်တစ်ယောက်ပါ။ G Fattရဲ့ သီချင်းတော်တော်များများဟာ ကိုယ်တိုင်ခံစားချက်တွေနဲ့ ရေးသားထားတဲ့ သီချင်းစာသားတွေဖြစ်တာကြောင့် စာသားတွေက ပရိသတ်တွေရဲ့ရင်ထဲကို ထိထိမိမိရောက်လွန်းလှပါပေတယ်။

လတ်တလောမှာလည်း G Fatt က တူလေးအတွက် သားချော့တေးလေးတစ်ပုဒ်ကို ဖန်တီးရေးသားပေးခဲ့ပြန်ပါတယ်။ သီချင်းလေးရဲ့ နာမည်လေးကတော့ “စိတ်ကူးယဉ်လွန်းတဲ့ကလေး” လို့ နာမည်ပေးထားပြီး သီချင်းလေးဖန်တီးဖြစ်တဲ့အကြောင်းကိုလည်း “ကျွန်တော့်မှာ တူလေးတစ်ယောက်ရှိတယ်။ သိပ်စကားတက်တယ်။ လွန်ခဲ့တဲ့ (၂)လလောက်က သူ့အတွက်သီချင်းတစ်ပုဒ်ဖန်တီးဖြစ်ခဲ့တယ်။ ဒီမနက်သားချော့တေးတွေအကြောင်း ဖတ်မိတော့ သူအိပ်ဖို့အတွက် ကျွန်တော်ရေးထားတဲ့သီချင်းလေးသွားသတိရတယ်။

ဒီသီချင်းကို သူမေးတဲ့မေးခွန်းလေးတွေနဲ့ရေးပါတယ်။ ကျွန်တော်ကွန့်မြူးဖန်တီးမှုတွေလဲပါတာပေါ့ဗျာ ကဲ ဒါကတော့အမြည်းပါ တစ်ပုဒ်လုံးအပြည့်ကိုတော့ ထွက်လာမှပဲနားဆင်တော့ဗျ” ဆိုပြီး ၂မိနစ်နီးပါးရှိတဲ့ ဗီဒီယိုလေးကို အမြည်းအနေနဲ့ တင်ဆက်ပေးခဲ့ပါတယ်။ CeleZone ပရိသတ်ကြီးရေ G Fatt ရဲ့ တူလေးအတွက် ရေးသားထားတဲ့ သားချော့တေးလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleZone
Source – G Fatt