အိမ်မှာထိုင်ပြီး ဂိမ်း‌ေဆာ့‌ေနတုန်းကအကောင်း ရုံထဲကထွက်လာမှ မျက်ရည်မျက်ခွက်ဖြစ်နေရတယ်လို့ ပြောပြလာတဲ့ မကြီးစိုး

Posted on

ကြိုတင်လက်မှတ်တွေတောင် လူတွေကြိတ်ကြိတ်တိုးတန်းစီ၀ယ်ရတဲ့အထိ ရေပန်းစားလို့နေတဲ့ Now & Everရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုခဲ့မိတဲ့ မကြီးစိုးတစ်ယောက်ဟာ သူရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြခဲ့တာပါ။ သူငယ်ချင်းတွေလည်းဖြစ်ကြတဲ့ ဝါရင့် အနုပညာရှင် ရန်အောင် ၊ရဲအောင်၊မင်းဦး၊ ခိုင်သင်းကြည်တို့နဲ့အတူ ဒီရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်၀န်းရံခဲ့တာပဲဖြစ်ပြီးတော့ ရုံထဲကပြန်ထွက်လာတဲ့အခါမှာတော့ သူမရဲ့အဖြစ်ကို ဖွင့်ချခဲ့တာပဲဖြစ်ပါတယ်။

” ဇတ်လမ်းထဲမှာ….မင်းသားဆေးရုံက ဆင်းလာပီး အိမ်မှာ သူငယ်ချင်းတွေနဲ့ ညစာစားတော့ မင်းသား နဲ့ မင်းသမီး  တယောက်နဲ့ တယောက် အပြန်အလှန် ကြည့်နေတဲ့  အခန်း၊သူတို့ မျက်လုံးတွေထဲ မှာ   စကားတွေအများကြီး  ပြောကြတယ် ” ဆိုပြီး သူမရင်ထဲထိခဲ့တဲ့အခန်းလေးကို ပြောပြခဲ့ပါတယ်။ Spoilerမဟုတ်ပေမယ့် ဒီကားလေးကိုကြည့်ချင်နေတဲ့ ပရိသတ်တွေရဲ့ စိတ်ကို ပိုပြီးတိုးလာစေခဲ့ပါတယ်။

“အော်…. အိမ်မှာ  legendရောက်အောင် အားကျိုးမန်တက်  ဂိမ်းကစားနေတာ အကောင်း
အခုတော့  ရုံထဲက ထွက်လာတာ  မျက်ရည်နဲ့  မျက်ခွက် ” ဆိုပြီးတော့ သူမရဲ့ အဖြစ်ကို အရွှန်းဖောက်ပြီးပြောပြထားခဲ့ပါတယ်။ ” သို့သော်….မကြီး ငို ရတဲ့  အတွက် ဒီရုပ်ရှင် ဖန်တီးသူအားလုံး   ပါဝင်သူ အားလုံး  ကို အထူး လေးစား မိပါတယ် ” ဆိုပြီး‌ေတာ့လည်း ဒီဇာတ်ကားကို အကောင်းဆုံးပုံဖော်ဖန်တီးထားခဲ့ကြတဲ့ ဇာဏ်ခီတို့ဇနီးမောင်နှံနဲ့ သုသုတို့အတွက်ကို ဂုဏ်ယူကြောင်းပြောခဲ့ပါတယ်။ ကဲ…. မကြီးစိုးတစ်ယောက်မျက်ရည်ကျရလောက်အောင် ဒီဇာတ်ကားကြီးက ဘယ်လောက်တောင်များ ကောင်းလို့နေလဲဆိုတာ ပရိသတ်တို့‌ကော မသိချင်ကြဘူးလား ပြောခဲ့ကြပါအုန်း???

Source : Soemyat Thuzar
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။)

အိမ္မွာထိုင္ၿပီး ဂိမ္း‌ေဆာ့‌ေနတုန္းကအေကာင္း ႐ုံထဲကထြက္လာမွ မ်က္ရည္မ်က္ခြက္ျဖစ္ေနရတယ္လို႔ ေျပာျပလာတဲ့ မႀကီးစိုး

 

ႀကိဳတင္လက္မွတ္ေတြေတာင္ လူေတြႀကိတ္ႀကိတ္တိုးတန္းစီ၀ယ္ရတဲ့အထိ ေရပန္းစားလို႔ေနတဲ့ Now & Ever႐ုပ္ရွင္ဇာတ္ကားႀကီးကို သြားေရာက္ၾကည့္ရႈခဲ့မိတဲ့ မႀကီးစိုးတစ္ေယာက္ဟာ သူရဲ႕ ခံစားခ်က္ေတြကို ရင္ဖြင့္ျပခဲ့တာပါ။ သူငယ္ခ်င္းေတြလည္းျဖစ္ၾကတဲ့ ဝါရင့္ အႏုပညာရွင္ ရန္ေအာင္ ၊ရဲေအာင္၊မင္းဦး၊ ခိုင္သင္းၾကည္တို႔နဲ႔အတူ ဒီ႐ုပ္ရွင္ဇာတ္ကားႀကီးကို သြားေရာက္၀န္းရံခဲ့တာပဲျဖစ္ၿပီးေတာ့ ႐ုံထဲကျပန္ထြက္လာတဲ့အခါမွာေတာ့ သူမရဲ႕အျဖစ္ကို ဖြင့္ခ်ခဲ့တာပဲျဖစ္ပါတယ္။

” ဇာတ္လမ္းထဲမွာ….မင္းသားေဆး႐ုံက ဆင္းလာပီး အိမ္မွာ သူငယ္ခ်င္းေတြနဲ႔ ညစာစားေတာ့ မင္းသား နဲ႔ မင္းသမီး တေယာက္နဲ႔ တေယာက္ အျပန္အလွန္ ၾကည့္ေနတဲ့ အခန္း၊သူတို႔ မ်က္လုံးေတြထဲ မွာ စကားေတြအမ်ားႀကီး ေျပာၾကတယ္ ” ဆိုၿပီး သူမရင္ထဲထိခဲ့တဲ့အခန္းေလးကို ေျပာျပခဲ့ပါတယ္။ Spoilerမဟုတ္ေပမယ့္ ဒီကားေလးကိုၾကည့္ခ်င္ေနတဲ့ ပရိသတ္ေတြရဲ႕ စိတ္ကို ပိုၿပီးတိုးလာေစခဲ့ပါတယ္။

“ေအာ္…. အိမ္မွာ legendေရာက္ေအာင္ အားက်ိဳးမာန္တက္ ဂိမ္းကစားေနတာ အေကာင္း
အခုေတာ့ ႐ုံထဲက ထြက္လာတာ မ်က္ရည္နဲ႔ မ်က္ခြက္ ” ဆိုၿပီးေတာ့ သူမရဲ႕ အျဖစ္ကို အ႐ႊန္းေဖာက္ၿပီးေျပာျပထားခဲ့ပါတယ္။ ” သို႔ေသာ္….မႀကီး ငို ရတဲ့ အတြက္ ဒီ႐ုပ္ရွင္ ဖန္တီးသူအားလုံး ပါဝင္သူ အားလုံး ကို အထူး ေလးစား မိပါတယ္ ” ဆိုၿပီး‌ေတာ့လည္း ဒီဇာတ္ကားကို အေကာင္းဆုံးပုံေဖာ္ဖန္တီးထားခဲ့ၾကတဲ့ ဇာဏ္ခီတို႔ဇနီးေမာင္ႏွံနဲ႔ သုသုတို႔အတြက္ကို ဂုဏ္ယူေၾကာင္းေျပာခဲ့ပါတယ္။ ကဲ…. မႀကီးစိုးတစ္ေယာက္မ်က္ရည္က်ရေလာက္ေအာင္ ဒီဇာတ္ကားႀကီးက ဘယ္ေလာက္ေတာင္မ်ား ေကာင္းလို႔ေနလဲဆိုတာ ပရိသတ္တို႔‌ေကာ မသိခ်င္ၾကဘူးလား ေျပာခဲ့ၾကပါအုန္း???