ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ 2020 Untact Asia Model Festival မှာ ဆုအကြီးကြီးချီးမြှင့်ခံလိုက်ရတဲ့ ဖွေးဖွေး

ဖွေးဖွေးကတော့ သူမရဲ့ထူးခြားတဲ့အိုက်တင်တွေနဲ့ ပရိသတ်တွေ အားလုံးရဲ့ချစ်ခင်အားပေးမှုတွေကို အပြည့်အ၀ သိမ်းပိုက်ရရှိထားသူလေး ဖြစ်ပါတယ်။ အကယ်ဒမီဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့အထိအောင်မြင်နေတဲ့ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး ပွဲတွေကိုလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ 

ဖွေးစိန်လေးကတော့ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်သူလေးဖြစ်တာကြောင့် အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ရရှိထားတာပါ ။သူမရဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းကလည်း ပရိသတ်တွေ တစ်ခဲနက် အားပေးကြတာလည်းတွေ့ရပါတယ်။

လတ်တလောမှာလည်း ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ 2020 Untact Asia Model Festival မှာ “Asia Special Award “ဆုကြီးကို ချီးမြှင့်ခံရတာကြောင့် အတိုင်းမသိဝမ်းသာဂုဏ်ယူနေကြောင်းကို ” Korea နိုင်ငံ Seoulမြို့မှာ ကျင်းပတဲ့  2020 Untact Asia Model Festival/ Awards က ​ဖွေး ကို ချီးမြှင့်ခဲ့တဲ့ “Asia Special Award” ​​လေး နဲ့ အမှတ်တရ ..Darlings ​တွေ Oopsies ​တွေ ​မျှော်​နေမယ်ဆိုတာ သိလို့… 2020 covid 19 ကာလဖြစ်လို့ ဒုက္ခ ​တွေထဲ က ​ပျော်စရာ ​တောက်​တောက်ပပ ​လေးတခု ဖြစ် လာခဲ့တယ် ​ပေါ့ ရှင်” ဆိုတဲ့စာလေးကိုဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါရစေ ။

Yuan – Cele Zone

photo – Phway Phway